နေပြည်တော်ကောင်စီနယ်မြေအတွင်းက ဘဘာဝဘေးရေကြီးရေလျှံမှုများကြောင့် ထိခိုက်နိုင်သည့် မွေးမြူရေး တိရစ္ဆာန်များ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်းနှင့် မြို့နယ်အလိုက် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးနေသည်။
ပြီးခဲ့သည့် ဩဂုတ်(၂၉)ရက်နေ့က စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ကလိုက်လံကြည့်ရူခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် က ရေဘေးသင့်နေရာ က မွေးမြူရေး တိရစ္ဆာန်များ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကိုကြည့်ရူပြီး တောင်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် ထိခိုက်နိုင်သည့် မွေးမြူရေးတိရစ္ဆာန်များကို ရွေ့ပြောင်းပေးမှုများကို ဩဂုတ်(၂၇)ရက်ကနေ (၂၉)ရက်နေ့ထိ ပျဉ်းမနားမြို့နယ် ပုဒ်ဗ္ဗ သီရိမြို့နယ် ဇေယျသီရိမြို့နယ် နှင့် တပ်ကုန်းမြို့နယ်များက ကျေးရွာစုစုပေါင်း(၁၆)ရွာရှိ နွား ၉၆၆ ကောင်း ကျွဲ ၇ကောင် မြင်း ၈ကောင် ဝက်၁၈၆ ကောင်နှင့် ဆိတ်(၂၃)ကောင် ပြောင်းရွှေ့ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပေးမှုများလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
