Saturday, January 24, 2026

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့်...

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ...

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့်...

တရုတ်နိုင်ငံသား(၂၈၃)ဦးအား ပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလောင်းက စားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂၈၃)ဦးကို ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ဇန်နဝါရီ...
HomeInternationalရေနံစည်ပေါင်း သန်း ၃၀...

ရေနံစည်ပေါင်း သန်း ၃၀ မှ ၅၀ ကြားကို ဗင်နီဇွဲလားက အမေရိကန်သို့ လွှဲပြောင်းပေးအပ်တော့မည်ဖြစ်ကြောင်း ထရမ့် ကြေညာ

ဗင်နီဇွဲလားနိုင်ငံက ရေနံစည်ပေါင်း ၃၀ သန်းကနေ ၅၀ သန်းအကြားကို အမေရိကန်ပြည်ထောင်စုထံ လွှဲပြောင်းပေးအပ်တော့မှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။

အဲဒီ ရေနံတွေကို စျေးကွက်ပေါက်စျေးနဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ ရရှိလာတဲ့ ဝင်ငွေတွေကို ဗင်နီဇွဲလားနဲ့ အမေရိကန်ပြည်သူတွေရဲ့ အကျိုးအတွက် အသုံးပြုတာ သေချာစေဖို့ သူကိုယ်တိုင် ထိန်းချုပ်စီမံသွားမယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီစီမံကိန်းကို “ချက်ချင်း” အကောင်အထည်ဖော်ဖို့ သူ့ရဲ့ စွမ်းအင်ဝန်ကြီး ခရစ်ရိုက်ကို ညွှန်ကြားထားပြီး ဖြစ်ကြောင်းကိုလည်း သူက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

“ရေနံတွေကို သိုလှောင်သင်္ဘောတွေနဲ့ တင်ဆောင်လာမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက ကုန်ချဆိပ်ကမ်းတွေကို တိုက်ရိုက်ယူဆောင်လာမှာပါ” လို့ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ အင်္ဂါနေ့က ရေးသားခဲ့ပါတယ်။

ထရမ့်ရဲ့ အခုကြေညာချက်ဟာ ဗင်နီဇွဲလားရဲ့ ရေနံသယံဇာတတွေကို “ပြန်လည်ရယူမယ်” ဆိုတဲ့ ကတိကဝတ်နဲ့အတူ ထရန့်အစိုးရက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယိမ်းယိုင်နေတဲ့ အဆိုပါ လက်တင်အမေရိကနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းချက်တစ်ခုလို့ ဆိုပါတယ်။

အမေရိကန်ရေနံကုမ္ပဏီတွေဟာ ဗင်နီဇွဲလားရဲ့ ပျက်စီးယိုယွင်းနေတဲ့ အခြေခံအဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံဖို့ အသင့်ဖြစ်နေပြီလို့လည်း ထရမ့်က ဆိုပါတယ်။

အမေရိကန်ရဲ့ အကြီးဆုံးရေနံကုမ္ပဏီကြီး သုံးခုဖြစ်တဲ့ Chevron၊ Exxon Mobil နဲ့ ConocoPhillips တို့က ထရန့်ရဲ့ အစီအစဉ်အပေါ် တိုက်ရိုက်မှတ်ချက်မပေးသေးပါဘူး။ ဒါပေမဲ့ အမေရိကန်မီဒီယာတွေရဲ့ အဆိုအရ ကုမ္ပဏီကိုယ်စားလှယ်တွေဟာ ဗင်နီဇွဲလားအရေး ဆွေးနွေးဖို့ လာမယ့်သောကြာနေ့မှာ သမ္မတနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

ကမ္ဘာ့စျေးကွက်အခြေအနေအရ ကြည့်မယ်ဆိုရင် တစ်ရက်ကို ရေနံစည် ၅၀ သန်း ဆိုတဲ့ပမာဏဟာ ထောက်ပံ့မှုအပိုင်းမှာ အနည်းငယ်သာ တိုးလာတဲ့သဘော ရှိပါတယ်။ ကမ္ဘာ့ရေနံစားသုံးမှုဟာ တစ်ရက်ကို စည်ပေါင်း သန်း ၁၀၀ ကျော်ရှိပြီး အမေရိကန်တစ်နိုင်ငံတည်းတင် တစ်ရက်ကို စည် ၁၄ သန်းခန့် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ်၊ ဟူစတန်ရှိ Baker Institute က စွမ်းအင်ကျွမ်းကျင်သူ မာ့ခ်ဖင်နလီ(Mark Finley) က ထရမ့်ရဲ့ ကြေညာချက်ဟာ နောက်ထပ်အသေးစိတ်အချက်အလက်တွေမပါဘဲနဲ့‌တော့ အကျိုးရှိမှု အရေးပါမှုကို ခန့်မှန်းဖို့ ခက်ခဲကြောင်း ပြောပါတယ်။

“ဘယ်လောက်ကြာတဲ့ အချိန်ကာလအတွင်းမှာ စည် ၃၀ သန်းကနေ ၅၀ သန်းအထိ ယူမှာလဲ။ ဒါဟာ ဒီကိစ္စရဲ့ အရေးပါမှုကို ဆုံးဖြတ်ဖို့ သော့ချက်ပါပဲ” လို့ ဖင်နလီ က ပြောပါတယ်။ “တကယ်လို့ တစ်လအတွင်းဆိုရင် ဒါဟာ ဗင်နီဇွဲလားရဲ့ ထုတ်လုပ်မှုအားလုံးနီးပါး ဖြစ်နေမှာဖြစ်ပြီး၊ တစ်နှစ်အတွင်းဆိုရင်တော့ ပမာဏက အတော်လေး နည်းသွားမှာပါ” လို့လဲ သူကက ဆိုပါတယ်။

ဝါရှင်တန်တက္ကသိုလ်က ကမ္ဘာ့စွမ်းအင်ကဏ္ဍ ကျွမ်းကျင်သူ စကော့မောင်ဂိုမာရီ(Scott Montgomery) ကတော့ ရေနံဝင်ငွေတွေကို ထိန်းချုပ်မယ်ဆိုတဲ့ ထရမ့်ရဲ့ မှတ်ချက်ဟာ အမေရိကန်အစိုးရရဲ့ အစီအစဉ်တွေအပေါ် မရေရာမှုတွေကိုသာ ပိုတိုးစေတယ်လို့ ပြောပါတယ်။

“ထရမ့်က ဒီငွေတွေကို ဘယ်လိုခွဲဝေပေးမလဲဆိုတာ ကျွန်တော် တကယ်မသိပါဘူး။ အမေရိကန်မှာတော့ ဒီလိုကိစ္စမျိုးအတွက် အရင်က သာဓက မရှိသလောက်ပါပဲ” လို့ မောင်ဂိုမာရီက ပြောပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေက ဗင်နီဇွဲလားရဲ့ အမြင့်ဆုံးထုတ်လုပ်မှုဖြစ်တဲ့ တစ်ရက်ကို စည် ၃ သန်းကျော်နှုန်း ပြန်ရောက်ဖို့ဆိုရင် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်မှာဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ နော်ဝေအခြေစိုက် Rystad Energy အကြံပေးလုပ်ငန်းရဲ့ ခန့်မှန်းချက်အရ ဗင်နီဇွဲလားရဲ့ ရေနံကဏ္ဍဟာ တစ်ရက်ကို စည် ၂ သန်းခန့် ပြန်ထုတ်နိုင်ဖို့အတွက် အရင်းအနှီး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁၀ ဘီလီယံခန့် လိုအပ်မယ်လို့ သိရပါတယ်။

စျေးကွက်စောင့်ကြည့်သူအချို့ကတော့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ဗင်နီဇွဲလားမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံဖို့ ဝန်လေးနေနိုင်တယ်လို့ သံသယရှိနေကြပါတယ်။ အကြောင်းရင်းကတော့ မာဒူရိုရဲ့ နောင်တော် ဟူဂိုချားဗက်ဇ် လက်ထက်က ပိုင်ဆိုင်မှုတွေကို အတင်းအဓမ္မ သိမ်းယူခဲ့တဲ့ အတွေ့အကြုံတွေရှိခဲ့သလို ကမ္ဘာ့စျေးကွက်မှာလည်း ရေနံတွေ ပိုလျှံနေတာကြောင့် ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်က ချားဗက်ဇ်အစိုးရဟာ ပုဂ္ဂလိကပိုင် ရေနံမြေတွေကို နိုင်ငံပိုင်သိမ်းယူခဲ့ပြီးနောက် နိုင်ငံတကာ အနုညာတစီရင်ဆုံးဖြတ်မှုအရ ExxonMobil ကို ဒေါ်လာ ၁.၆ ဘီလီယံနဲ့ ConocoPhillips ကို ဒေါ်လာ ၈.၇ ဘီလီယံ ပေးလျော်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ဗင်နီဇွဲလားအစိုးရက တစ်ကြိမ်တစ်ခါမျှ ပေးလျော်ခဲ့ခြင်း မရှိပါဘူး။ လက်ရှိမှာ Chevron တစ်ခုတည်းသာ ဗင်နီဇွဲလားမှာ ဆက်လက်လည်ပတ်နေပြီး တစ်ရက်ကို စည် ၁၅၀,၀၀၀ ခန့် ထုတ်လုပ်နေပါတယ်။

ဗင်နီဇွဲလားဟာ တစ်ချိန်က ကမ္ဘာ့ထိပ်တန်း ရေနံထုတ်လုပ်တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပေမဲ့ မာဒူရိုနဲ့ ချားဗက်ဇ်တို့ လက်ထက်မှာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေ၊ ရင်းနှီးမြှုပ်နှံမှု အားနည်းတာတွေ၊ စီမံခန့်ခွဲမှု အမှားတွေနဲ့ အဂတိလိုက်စားမှုတွေကြောင့် ရေနံကဏ္ဍဟာ အလွန်တရာ ဆုတ်ယုတ်သွားခဲ့ရပါတယ်။ ဗင်နီဇွဲလားဟာ ကမ္ဘာမှာ ရေနံအရန်အတား အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပေမဲ့ လက်ရှိ ထုတ်လုပ်မှုကတော့ တစ်ကမ္ဘာလုံး ရေနံထောက်ပံ့မှုရဲ့ ၁ ရာခိုင်နှုန်းအောက်မှာသာ ရှိပါတော့တယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့် ရိုးရာဖိုက်တာကျော်စွာဝင်း

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ မူဂါ ကို ရိုးရာဖိုက်တာကျော်စွာဝင်း က ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးဖြင့် အနိုင်ရခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ပထမအချီ၌ပင် ပြိုင်ဘက်ကို နှစ်ကြိမ်လဲကျသည်အထိ ဖိအားပေးထိုးသ-တ်နိုင်ခဲ့သည့်အပြင် ဒုတိယပိုင်း စတင်ပွဲလွှတ်သည်နှင့် အလဲထိုးပြနိုင်ခဲ့သည်။ ပွဲစဉ်အပြီး ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ကျော်စွာဝင်းဆိုသည့် ပရိတ်သတ်၏ အားပေးသံသည် ကွင်းအတွင်းပင် ကြက်သီးထဖွယ်ရာ ကျယ်လောင်ခဲ့သည်။ ကျော်စွာဝင်းသည်...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ ထမအကြိမ်ပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာသံရုံးတာဝန်ရှိသူများမှ ရောက်ရှိလာသောမြန်မာနိုင်ငံသားများအနက် (၁၃၆)ဦးအား ပထမအသုတ်အဖြစ် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်ပြန် လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိအပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အ လက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း၊ စစ် ဆေးခြင်းများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (ရေကြည်မြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၃)တွင်ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ မဲရုံပေါင်း (၁၂၀)ခန့်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Photo-ပေါ်ပြူလာနယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071