Thursday, November 13, 2025

အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ် ရက်ပြောင်းလဲသတ်မှတ်

အာရှဖလားခြေစစ်ပွဲအတွက် အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ်ကို ရက်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။ အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ်ကို ၂၀၂၆ ခုနှစ် မတ်လ (၂၆)ရက်နေ့ ရက်‌ပြောင်းရွှေ့လိုက်သည်ဟု AFC က...

မန္တလေးမြို့ရှိ “မဟာအောင်မြေ”ရုပ်ရှင်ရုံတွင် မီးလေ-ာင်မှုဖြစ်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ "မဟာအောင်မြေ"ရုပ်ရှင်ရုံတွင် ယနေ့ နိုဝင်ဘာ ၁၃ ရက်ညနေ ၄ နာရီ ၂၇ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ...

အာဆီယံ၏မစွက်ဖက်ရေးမူကို ပြန်စဉ်းစားသင့်–ထိုင်းနိုင်ငံခြားရေးဝန်ကြီး

အာဆီယံက ကာလကြာရှည်ကိုင်စွဲထားသော မစွက်ဖက်ရေးမူသည် အရေးယူဆောင်ရွက်ခြင်းမပြုရန် “ဆင်ခြေ” တစ်ခုမဖြစ်သွားစေရေးအတွက် အဆိုပါမူကို ပြန်လည်စဉ်းစားသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောင်ကတ်ကေးက ပြောကြားလိုက်သည်။ စက်တင်ဘာလတွင် နိုင်ငံခြားရေးဝန်ကြီးတာဝန်မထမ်းဆောင်မီအထိ...

ဖိလစ်ပိုင်တွင် တီဘီရောဂါတို-က်ဖျ-က်ရေးကို အရှိန်မြှင့်တင်

မနီလာ၊ နိုဝင်ဘာ ၁၃ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖိလစ်ပိုင်နိုင်ငံသား ၁၂ သန်းကို ရောဂါရှာဖွေစစ်ဆေးရန် ရည်မှန်းချက်ကြီးစွာဖြင့် တီဘီရောဂါတို-က်ဖျ-က်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း...
HomeNewsLocal Newsရေတပ်ဆိုင်ရာ ပင်လယ်ပြင်လေ့ကျင့်ခန်းပြုလုပ်မည်ဖြစ်၍ လေကြောင်း၊...

ရေတပ်ဆိုင်ရာ ပင်လယ်ပြင်လေ့ကျင့်ခန်းပြုလုပ်မည်ဖြစ်၍ လေကြောင်း၊ ရေကြောင်း သတိပေးချက်ထုတ်ပြန်

မြန်မာ့ပင်လယ်ပြင်အတွင်း ရေတပ်ဆိုင်ရာပင်လယ်ပြင်လေ့ကျင့်ခန်းကို နိုဝင်ဘာ (၇) ရက်နှင့် (၈) ရက်တို့တွင် ရေပြင်၊ ဝေဟင်လက်နက် လေ့ကျင့်ပ-စ်ခ-တ်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လေ့ကျင့်ခန်းဧရိယာများတွင် ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့ကို ထုတ်ပြန်ထားကြောင်း အသိပေးထားခြင်းဖြစ်သည်။

အဆိုပါ လေ့ကျင့်ခန်းဆောင်ရွက်စဉ် ကာလအတွင်းဘေးအန္တာရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါ ဧရိယာ (၅) မိုင်ပတ်လည်ကို သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများထားရှိခြင်းမရှိစေရန် အသိပေးထားသည်။

ထို့ပြင် လေယာဉ် ၊ ရဟတ်ယာဉ်များကိုလည်း အမြင့်ပေ (၁၅,၀၀၀) အောက် ပျံသန်းခြင်းမပြုရန် အသိပေးထားသ ည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ် ရက်ပြောင်းလဲသတ်မှတ်

အာရှဖလားခြေစစ်ပွဲအတွက် အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ်ကို ရက်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။ အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ်ကို ၂၀၂၆ ခုနှစ် မတ်လ (၂၆)ရက်နေ့ ရက်‌ပြောင်းရွှေ့လိုက်သည်ဟု AFC က တရားဝင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါပွဲကို ကနဦးတွင် ယခုနှစ် နိုဝင်ဘာ (၁၈)ရက်၌ ကစားရမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၌ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားခြင်းဖြစ်သည်။ ယင်းပွဲရက် ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးဂိမ်းဝင်ပြိုင်မည့် လက်ရွေးစင် ယူ-၂၃ အသင်းဖြင့် ခြေစမ်းကစားသွားရန် ရှိနေကြောင်း သိရသည်။

မန္တလေးမြို့ရှိ “မဟာအောင်မြေ”ရုပ်ရှင်ရုံတွင် မီးလေ-ာင်မှုဖြစ်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ "မဟာအောင်မြေ"ရုပ်ရှင်ရုံတွင် ယနေ့ နိုဝင်ဘာ ၁၃ ရက်ညနေ ၄ နာရီ ၂၇ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်း၊ ၄၂ လမ်းနှင့် ၄၃ လမ်းကြားရှိ "မဟာအောင်မြေ" ရုပ်ရှင်ရုံတွင်မီးလေ-ာင်မှုဖြစ်ပွား၍ သက်ဆိုင်ရာမီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင်ဖြင့်ပူး ပေါင်းငြှိမ်းသ-တ်ခဲ့ကြရာ ညနေ ၄ နာရီ ၄၅ မိနစ်တွငိ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ Photo-Ko Than Htay

အာဆီယံ၏မစွက်ဖက်ရေးမူကို ပြန်စဉ်းစားသင့်–ထိုင်းနိုင်ငံခြားရေးဝန်ကြီး

အာဆီယံက ကာလကြာရှည်ကိုင်စွဲထားသော မစွက်ဖက်ရေးမူသည် အရေးယူဆောင်ရွက်ခြင်းမပြုရန် “ဆင်ခြေ” တစ်ခုမဖြစ်သွားစေရေးအတွက် အဆိုပါမူကို ပြန်လည်စဉ်းစားသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောင်ကတ်ကေးက ပြောကြားလိုက်သည်။ စက်တင်ဘာလတွင် နိုင်ငံခြားရေးဝန်ကြီးတာဝန်မထမ်းဆောင်မီအထိ ရာထူးတာဝန်အမျိုးမျိုးတွင် ထမ်းဆောင်ခဲ့သော ဝါရင့်သံတမန်တစ်ဦးဖြစ်သည့် ဝန်ကြီးက တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအကြား ပြင်းထန်လာသော ပြိုင်ဆိုင်မှုများအကြားတွင် အဖွဲ့ဝင် ၁၁ နိုင်ငံပါ ဒေသတွင်းအဖွဲ့အစည်းသည် အများသဘောဆန္ဒကို တည်ဆောက်ရန် သစ်လွင်သောချဉ်းကပ်မှုကို လက်ခံရမည်ဟု ပြောဆိုသည်။ “ကျွန်တော်တို့ မြန်မြန်သွက်သွက်လုပ်ရမယ်။ ပထမဦးစွာ ကျွန်တော်တို့မှာရှိတဲ့ ခွန်အားကို အသုံးပြုရမယ်။ ကျွန်တော်တို့ ဘက်မလိုက်ရဘူး” ဟု ပေကျင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071