Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal Newsရေစကြိုပခန်းငယ် ရဲစခန်းရဲကင်း မီးရှို့...

ရေစကြိုပခန်းငယ် ရဲစခန်းရဲကင်း မီးရှို့ ခံရပြီး အကူ စစ်ကြောင်းပါ မိုင်းဆွဲ တိုက်ခိုက်ခံရဟုဆို

ရေစကြိုပခန်းငယ်ရဲစခန်းရဲကင်း မီးရှို့ ခံရပြီး အကူစစ်ကြောင်းပါ မိုင်းဆွဲတိုက်ခိုက်ခံရဟုဆို
 
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ ပခန်းငယ်ရဲစခန်းကို နိုဝင်ဘာလ ၁၃ ရက်နေ့လည် ၁နာရီ အချိန်ခန့်က PDF အဖွဲများမှ လက်နက်များဖြင့် လာရောက်တိုက်ခိုက်ခဲ့မှုကြောင့် လက်နက်ပစ္စည်းများ ပါသွားပြီး ရဲကင်းစခန်းအဆောက်အဦးပါ မီးရှိဖျက်ဆီးခဲ့သည်ဟု ရေစကြို ပြန်/ဆက်က သတင်းရေးသားမှုအား MOIက ယနေ့ ဖော်ပြသည်။
 
ပခန်းငယ်ရဲစခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ကိုရေစကြို ပြန်/ဆက်က “PDF အင်အား(၇၀)ဦးခန့်သည် ပခန်းငယ်ရဲစခန်းသို မောင်းပြန်/လက်လုပ်သေနပ်များဖြင့် အဆက် မပြတ် ပစ်ခတ်ခြင်း၊ လက်လုပ်ဗုံး(၄)လုံးတို့ဖြင့် ပစ်ပေါက်တိုက်ခိုက်ပြီး လက်နက်ပစ္စည်းများ ယူဆောင်သွားကြောင်းနှင့် ရဲကင်းစခန်းအဆောက်အဦအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း”ဖော်ပြသည်။
 
ယင်းအပြင် တိုက်ခိုက်ခံရသည့်နေရာသို့ စစ်ကူပေးရန်လာရောက်ကြသည့် ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များဖြင့် ရေစကြိုမှ ညောင်ဇောက်ကျေးရွာ-နွားထိန်းကျေးရွာ-စဉ့်ကိုင်ကျေးရွာ သို့ရောက်ရှိပြီး ခြေလျင်ချီတက်ထွက်ခွာသွားစဉ် ကျေးရွာအထွက် (၅)ဖာလုံခန့်အကွာ မြေသားလမ်းပေါ်အရောက် လမ်း၏ယာဘက် (၅)ပေခန့် အကွာတွင် ရီမုမိုင်း(၁)လုံးပေါက်ကွဲခဲ့သဖြင့် ပူးပေါင်းအဖွဲမှ တာဝန်ရှိသူတစ်ဦး မျက်နှာပါးပြင် နှစ်ဖက်နှင့် အပေါ်နှုတ်ခမ်းတိုတွင် ပွန်းပဲ့ဒဏ်ရာ (၁)ချက်စီ၊ ဝဲလက်ခုံစုတ်ပြတ်၊ ပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ ယာလက်ခုံ ပေါက်ပြဲဒဏ်ရာ (၁)ချက်နှင့် ဝဲခြေသလုံး မိုင်းစထိမှန် ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့ပြီး ၎င်းနေရာနှင့် ပေ(၃၀)ခန့်အကွာတွင် ရီမုမိုင်း(၁)လုံး ထပ်မံ၍ ပေါက်ကွဲခဲ့ပြီး လူ/ယာဉ်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းလည်း သတင်းထဲ ဖော်ပြထားသည်။
 
လက်ရှိတွင် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့၊ ရေစကြိုမြို့နယ် ရဲတပ်ဖွဲနှင့် ပူးပေါင်းအဖွဲ့သည် ပခန်းငယ်ရဲစခန်းသို့ PDF များ ထပ်မံလာရောက် တိုက်ခိုက်မှုမရှိစေရေး ရဲကင်းစခန်း၏ ပတ်လည်တွင် ခံတပ်များဖြင့် အသင့်နေရာယူနေကြောင်းလည်း ဆိုသည်။
 
ရေစကြိုမြို့နယ်၊ ပခန်းငယ်ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲဖြစ်သည့်People Defense Force Yesagyo ၊Phoenix အထူးပြောက်ကျားတပ်ဖွဲ (ရေစကြို) တို့ပူးပေါင်း၍ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက် မီးရှို့စဉ် စစ်ကူလာသော စစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း PDF ပူးပေါင်း တပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071