ဝါရှင်တန်၊စက်တင်ဘာ ၂၂
တရုတ်၏ဩဇာကြီးမားလာမှုကိုစိုးရိမ်နေကြသော Quad အဖွဲ့ခေါင်းဆောင်များကို အမေရိကန်သမ္မတ ဂျိုးတဘိုင်ဒင်ကလက်ခံတွေ့ဆုံကာ ၎င်းတို့အဖွဲ့ဝင်နိုင်ငံများအကြား ရေကြောင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်မည်ဟုဆိုသည်။
ထို့ကြောင့်ပင် ဩစတြေးလျ၊အိန္ဒိယ၊ဂျပန်နှင့် အမေရိကတို့ပါဝင်သည့် Quad အဖွဲ့သည် အာရှ၏ ကုန်သွယ်မှုကြွယ်ဝသောရေပိုင်နက်၌ ပူးတွဲလုံခြုံရေးများကို ခပ်စိတ်စိတ်လုပ်ဆောင်လာကြခြင်းလည်းဖြစ်သည်။
ဩစတြေးလျ၊ဂျပန်နှင့် အိန္ဒိယဝန်ထမ်းများသည် အမေရိကကမ်းခြေစောင့်သင်္ဘောပေါ်၌ပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်တစ်ရပ်ကိုလည်း လာမည့်နှစ်တွင်ပြုလုပ်မည်ဖြစ်ကြောင်း ခေါင်းဆောင်များက ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ၎င်းနိုင်ငံများအကြား စစ်ဘက်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးကို တိုးမြှင့်လုပ်ဆောင်ရန်အစီအစဉ်ရှိသည်ဟုလည်းဆိုကြသည်။
သို့သော် တရုတ်သမ္မတရှီ ကျင့်ဖျင် ကမူ Quad အဖွဲ့၏ ယခုကဲ့သို့ လေ့ကျင့်ပြင်ဆင်မှုသည် ပေကျင်းကို ၎င်းတို့ စုပေါင်း ကာ ပဋိပက္ခအရှိန်တက် အောင် ပြုလုပ်လိုသည့်ကြိုးပမ်းမှုမျိုးသာဖြစ်သည်ဟုဆိုကာ ၎င်းတို့၏ စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ကန့်ကွက်ခဲ့ကြောင်းသိရသည်။
ဖိလစ်ပိုင်၊ဘရူနိုင်း၊မလေးရှားနှင့် ဗီယက်နမ်တို့၏ ပိုင်နက်နယ်မြေများပါဝင်သော တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပေကျင်းက ၎င်း၏ပိုင်နက်ဖြစ်သည်ဟု အခိုင်အမာပြောကြားထားသည်။
Source : နစ်ကေးအေးရှား