မိုးရွာသွန်းမှုများကာ ရေကြီးရေလျှံခဲ့သောကြောင့် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ရှိ နေအိမ်လေးဆယ်ကျော် ပျ-က်စီးသွားကြောင်း သိရသည်။
အဆိုပါ နေအိမ်များသည် မြို့မတောင် ကမ်းနား၊ မြို့မမြောက်၊ စလင်းတန်း၊ သပြေတန်း၊ ဆုံတိုက်ရပ်မြောက်ပိုင်း၊ ဂျုပ်ပင်ရွာနှင့် ထိန်ချောင်းရွာစသည့် ရွာများမှ ဖြစ်ကြသည်။
“စက်တင်ဘာလ ၂၇ ရက်ကတည်း ရေဝင်တာ၊ ရေစီးက မကြုံဖူးဘူး၊ အိမ်အသုံးအဆောင်တွေလည်း ရေတွေထဲပါ သွားကြတယ်၊ နွားတဲတွေပြို၊ ထရံတွေကွာကျ၊ လေပါပါတော့ ခေါင်မိုးတွေလန်နဲ့ တော်တော်ပျ-က်စီးသွားကြတယ်” ဟု ကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတစ်ဦးက ပြောသည်။
လက်ရှိ၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်ထိခိုက် ပျ-က်စီးသူများကို ဒေသအခြေစိုက်လူမှုကူညီရေးအသင်းများက အကူအညီများပေးနေသည်ဟုလည်း ၎င်းက ဆိုသည်။
ယခုရက်သတ္တပတ်အတွင်း မိုးများမှုကြောင့်ပင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ အောင်ပန်းကျွန်းဆည် ကျိုးမှုလ ည်း ဖြစ်ပွားခဲ့သေးသည်။
ထိုဖြစ်စဉ်တွင် မဲဇလီပင်ရွာရှိ မိသားစုဝင် (၆)ဦး ရေစီးနှင့်အတူ မျောပါအသ-က်ဆုံးခဲ့ရသေးသည်။
လက်ရှိ၌လည်း ရန်ကုန်၊ နေပြည်တော်အပါအဝင် တိုင်းပြည်နယ် (၁၂) ခု၌ လာမည့်နှစ်ရက်အတွင်း မိုးပိုရွာမည်ဟု မိုးဇလက ယမန်နေ့ စက်တင်ဘာ (၃၀) ရက်က ထုတ်ပြန်ထားသည်။
