Sunday, January 25, 2026

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့်...

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeNewsLocal Newsရေကြီးရေလျှံမှု‌ကြောင့် ပဲခူးတွင် ရေဘေးဒုက္ခသည်...

ရေကြီးရေလျှံမှု‌ကြောင့် ပဲခူးတွင် ရေဘေးဒုက္ခသည် ၁၂,၀၀၀ ကျော်ရှိလာ

မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးရေလျှံမှုများဖြစ်‌ပေါ်နေသည့်အတွက် ပဲခူးမြို့တွင် ရေဘေးဒုက္ခသည် ၁၂,၄၆၁ ဦး ရှိလာပြီဖြစ်ကြောင်း ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏စာရင်း အချက်အလက်များအရ သိရသည်။

ယင်းကဲ့သို့ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အတွက် အိမ်ထောင်စုပေါင်း (၂,၉၇၃) မှာလည်း ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်းလည်း သိရသည်။

” အခု ဘားအံက နေပြန်လာတာ။ သထုံ၊ ဘီးလင်း၊ ကျိုက်ထို လမ်းတွေက ပုံမှန်သွားလို့ရပြီ။ ပဲခူးမှာ‌တော့ ရေတက်နေလို့ ကားလေးတွေ သွားလို့မရသေးဘူး”ဟု ခရီးသွားတစ်ဦးက ပြောသည်။

ပဲခူးထွေအုပ်ရုံး၏ ဩဂုတ်လ (၁၀) ရက် အချက်အလက်များအရ ပဲခူးမြို့ပေါ်ရှိ ရပ်ကွက် ၁၁ ခုနှင့် ကျေးရွာ (၆) ရွာ၌ ရေဘေးကြုံနေရပြီး ရေဘေးရှောင်စခန်းပေါင်း (၂၉) ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

ရေကြီးရေလျှံမှုဖြစ်နေသည့် ရပ်ကွက်နှင့်ရွာများမှာ ဇိုင်းဂနိုင်းတောင်ပိုင်း၊ ကျွန်းသာယာ၊ ပုဏ္ဏားစု၊ ကျောက်ကြီးစု၊ မြို့သစ်၊ ဇောင်းတူ၊ မုန်တိုင်း၊ ဝါးပြန်ကုန်း၊ ဥဿာ (၇)၊ ကလျာဏီ၊ ရွာသစ်၊ ဘုရားကြီး၊ ကလိ၊ မဇင်း၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ အဝိုင်းနှင့် ထက်ရှေ့တို့ဖြစ်ကြောင်း သိရသည်။

Photo-ကိုတရုတ်လေး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့် ရန်ကင်းမြို့နယ် အမှတ်(၈)ရပ်ကွက်၊ မဲရုံအမှတ်(၂)တွင် တွေ့ရသည့် မဲရုံပိတ်သိမ်းကာ မဲရလာဒ်များ စတင်ရေတွက်မှုမြင်ကွင်းများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ ညနေ ၄နာရီအချိန်တွင် မဲပေးမှုများ ပြီးစီးကာ မဲရုံများ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း(၃)ကို မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင်ကျင်းပခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသ​ကြီးတွင် ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာ တောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ စမ်းချောင်း၊...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071