Sunday, January 25, 2026

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeNewsLocal Newsရေကြီးရေလျှံမှုကြောင့် မွန်၊ ကရင်နှင့်...

ရေကြီးရေလျှံမှုကြောင့် မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းမှ ပြည်သူ (၄၀၀) ကျော်မှာ ယာယီခိုလှုံရာနေရာများတွင် ပြောင်းရွှေ့နေထိုင်နေရ

ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုကတဆင့် ရေကြီးရေလျှံမှုကြောင့် မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ဒေသခံပြည်သူ (၄၀၀) ကျော်မှာ ယာယီခိုလှုံရာ နေရာများတွင် ပြောင်းရွှေ့နေထိုင်နေရကြောင်း ဇူလိုင်လ (၂၆) ရက်က ထုတ်ပြန်သည့် United Nations OCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၇) ရက်မှစ၍ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းခဲ့ခြင်းကြောင့် မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေစဉ်နီးပါး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအခြေအနေကြောင့် ဇူလိုင်လ (၁၈) ရက် နံနက်ပိုင်းတွင် မော်လမြိုင် – သံဖြူဇရပ်ကားလမ်းရှိ မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီး၊ထန်းပင်တန်း တံတားနေရာနှင့် သံဖြူ ဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်ရှိ ချောင်းကူးတံတားနေရာများတွင် ကားလမ်းပေါ် ရေကျော်ခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရသည့်အနေအထား ဖြစ်ခဲ့သည်။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ ဆင်းလာသည့်အတွက် မွန်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံပြည်သူ အများအပြား ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မြိုင်သာယာရပ်ကွက်၊ ကျွဲခြံကုန်းရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ စျေးကြိုဖက်ခင်းလမ်း၊ တောင်ဝိုင်းရပ်ဥယျာဉ်လမ်း၊ ဇေယျာမြိုင်ရပ်ကွက်၊ လှိုင်ရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်နှင့် ဇေယျာသီရိရပ်ကွက်များတွင် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံလူမှုကူညီရေး အသင်းအဖွဲ့များထံမှ သိရသည်။

ထိုအချိန်က မိုးဇလ၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ် မုဒုံမြို့တွင် မိုးရေချိန် ၉ ဒသမ ၆၅ လက်မအထိ ရွာသွန်းခဲ့ပြီး ရေးမြို့တွင် မိုးရေချိန် ၉ ဒသမ ၀၅ လက်မ၊ ကျိုက်မရောမြို့တွင် မိုးရေချိန် ၅ ဒသမ ၅၁ လက်မ၊ မော်လမြိုင်မြို့တွင် မိုးရေချိန် ၅ ဒသမ ၃၉ လက်မ၊ ချောင်းဆုံမြို့တွင် မိုးရေချိန် ၄ ဒသမ ၇၂ လက်မ၊ ကျိုက္ခမီမြို့တွင် မိုးရေချိန် ၃ ဒသမ ၃၀ လက်မနှင့် ပေါင်မြို့တွင် မိုးရေချိန် ၂ ဒ သမ ၉၁ လက်မစီ ရွာသွန်းခဲ့ကြောင်း သိရသည်။

လက်ရှိ ဇူလိုင်လ ၂၇ ရက်(ယနေ့)တွင်လည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေဇာရပ်ကွက်နှင့် ချောင်းသာရပ် မြေနိမ့်ပိုင်းနေရာများရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိပြီး ဒေသခံများ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071