အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းတွင် ဆိုက်ကလုန်းမိုးကြောင့် ရေကြီးရေလျှံကာ မြေပြိုသဖြင့် ေ-သဆုံးသူ ၃၀၃ ဦးအထိ ရှိလာကြောင်း နိုင်ငံ၏ သဘာဝဘေးအန္တရာယ်လျှော့ချရေးဌာနက စနေနေ့တွင် ပြောကြားခဲ့သည်။
မလက္ကာရေလက်ကြားတွင် ရှားရှားပါးပါး အပူပိုင်းမုန်တိုင်းတစ်လုံးဖြစ်ပေါ်ခဲ့သဖြင့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံဒေသအတော်များများတွင် ဆိုက်ကလုန်းကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ရက်သတ္တပတ်ကြာ ကြုံတွေ့ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ အနောက်ဘက်အကျဆုံးဒေသဖြစ်သည့် ဆူမာတြားကျွန်းပေါ်ရှိ ပြည်နယ်သုံးခုတွင် လူ ၂၇၉ ဦးထက်မနည်းသည် ပျေ-ာက်ဆုံးနေဆဲဖြစ်ပြီး လူဦးရေ ၈၀,၀၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရကာ ရေဘေးအတွင်းပိတ်မိနေသူ ရာနှင့်ချီရှိနေဆဲဖြစ်ကြောင်း ဌာနအကြီးအကဲ ဆူဟာယန်တိုက သတင်းသမားများကို ပြောကြားခဲ့သည်။
မြေပြို၍ လမ်းကြောင်းများ အဆက်အသွယ်ပြ-တ်တောက်ကာ ဆက်သွယ်ရေးအခြေခံအဆောက်အဦးများ ထိခိုက်ပျ-က်စီးခဲ့သည့် ရေဘေးဒ-ဏ်အဆိုးဆုံးခံခဲ့ရသော ကျွန်းမြောက်ပိုင်းဒေသတွင် ကယ်ဆယ်ရေးသမားများက ရဟတ်ယာဉ်များသုံးကာ အကူအညီများပေးပို့ခြင်းနှင့် ထောက်ပံ့ပို့ဆောင်မှုများ ကိုဆောင်ရွက်လျက်ရှိသည်။
မြေပြိုသောကြောင့်လမ်းပိတ်ဆို့မှုများကို ဖေ-ာက်ထွက်နိုင်ရန် ကယ်ဆယ်ရေးသမားများက ကြိုးစားနေပြီး လမ်းတလျှောက်တွင် ပိတ်မိနေခဲ့သည့် လူများအတွက် ထောက်ပံ့ရေးပစ္စည်းများ လိုအပ်နေကြောင်း ဆူဟာယန်တိုက ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီရန်အတွက် တနင်္ဂနွေနေ့တွင် စစ်တပ်အင်အားကို တိုးမြှင့်ချထားသွားရန်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Ref: အေးရှားဝမ်း
