ရှန်ဟိုင်း၊ဩဂုတ် ၁၂
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှီအန်းမြို့တွင် ရွှံ့မြေပြိုကျမှုကြောင့် လူနှစ်ဦးသေဆုံးပြီး ၁၆ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်မီဒီယာက စနေနေ့တွင်ဖော်ပြခဲ့သည်။
မိုးကြီးရေလျှံမှုကြောင့်ရှီအန်းမြို့ရှိကျေးရွာတစ်ခုမှ နေအိမ်နှစ်လုံးမျောပါသွားကာ လမ်းများ၊တံတားများနှင့် လျှပ်စစ်ဓာတ်အားပေးရေးအဆောက်အအုံများ ပျက်စီးသွားကြောင်းလည်းဆိုသည်။
ပေကျင်းမြို့တော်နှင့်အရှေ့မြောက်ပိုင်း ဟာဘင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရထားပြေးဆွဲမှုအချို့ကို စနေနေ့က ဆိုင်းငံ့ထားလိုက်ရကြောင်းလည်းဖော်ပြခဲ့သည်။
ရေကြီးရေလျှံမှုဖြစ်ပေါ်ရာဒေသများသို့ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများနှင့်ကယ်ဆယ်ရေးသမားများစေလွှတ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြောင်းလည်းသိရသည်။
Source : Reuters