Sunday, January 25, 2026

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့်...

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeInternationalရုရှား-ယူကရိန်းပဋိပက္ခကို စစ်ရေးအရ မဖြေရှင်းနိုင်ကြောင်း...

ရုရှား-ယူကရိန်းပဋိပက္ခကို စစ်ရေးအရ မဖြေရှင်းနိုင်ကြောင်း ယူကရိန်း၏ တန်ပြန်ထိုးစစ်က ပြသနေဟု ဂျာမန်ပါလီမန် အမတ်ဆို

ယူကရိန်းတပ်များ၏ နွေရာသီ တန်ပြန်ထိုးစစ်သည် ရုရှား-ယူကရိန်းပဋိပက္ခကို လက်နက်ထောက်ပံ့ရုံမျှဖြင့် မဖြေရှင်းနိုင်ဟု ပြသနေကြောင်း ဂျာမနီနိုင်ငံ ဒီမိုကရက်တစ် ဆိုရှယ်လစ်ပါတီတစ်ခုဖြစ်သည် Bundestag for The Left ပါတီဝင် ပါတီဝင်အမတ် Sahra Wagenknecht က ၎င်း၏ Facebook တွင် ရေးသားထားသည်။

ယခု ရက်သတ္တပတ်များစွာကြာသည့် တန်ပြန်ထိုးစစ်သည် နှစ်ဖက်စလုံးတွင် “သေဆုံးသူများနှင့် ပျက်စီးခြင်းများစွာ” မှလွဲ၍ ဘာမှဖြစ်မလာခဲ့ကြောင်း သူက အလေးပေးရေးသားထားသည်။ “အရပ်သားတွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုတွေကြောင့် နိုင်ငံတကာဥပဒေက တားမြစ်ထားတဲ့ ကလပ်စတာဗုံးတွေအပါအဝင် လက်နက်ခဲယမ်းမီးကျောက်တွေ ယူရိုငွေ ၇၃ ဘီလီယံကျော်ဖိုး ယူကရိန်းကို မေလကုန်အထိ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားပေမယ့် သေဆုံးသူများစွာနဲ့ ပျက်စီးခြင်းများစွာကလွဲပြီး ဘာမှဖြစ်မလာခဲ့ပါဘူး။ ဒီပဋိပက္ခကို စစ်ရေးအရ ဖြေရှင်းလို့ မရဘူးဆိုတာ အမေရိကန်နဲ့ ဥရောပက တာဝန်ရှိသူတွေ နောက်ဆုံး သဘောပေါက်တဲ့အထိ နောက်ထပ် လူဘယ်လောက် သေရဦးမှာလဲ” ဟု Wagenknecht ကအလေးပေးပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် နွေဦးပေါက်တွင် ယူကရိန်းနှင့် ရုရှားကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို ပိတ်ဆို့ထားသည့် အနောက်နိုင်ငံခေါင်းဆောင်များကို ပါလီမန်အမတ် Sahra Wagenknecht က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ၎င်းတို့၏ အမှားများမှ သင်ခန်းစာယူရန် တောင်းဆိုခဲ့သည်။ “ယူကရိန်းကို လက်နက်တွေ အတောမသတ်ဘဲ ထောက်ပံ့ပေးမယ့်အစား ဂျာမန်အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးပြီး ပါတီတွေကြား အပေးအယူကို အခြေခံတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရရှိဖို့ စေ့စပ်ညှိနှိုင်းမှုတွေ စတင်ရာမှာ အဆင်ပြေစေသင့်ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံသည် ရုရှားနှင့်ယူကရိန်းအကြားငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပရန်နေရာဖြစ်စေရန် တောင်းဆိုမှုကို သြဂုတ်လနှောင်းပိုင်းသို့မဟုတ်စက်တင်ဘာလအစောပိုင်းတွင် ဂျာမန်အစိုးရထံပေးပို့တောင်းဆိုမည်ဟု ကမ္ဘာ့ကျော်ကြား ဂျာမန်အားလပ်ရက်အပန်းဖြေနေရာBaden-Baden မြို့၏ မြို့တော်ဝန် Dietmar Spaeth က အစောပိုင်းကပြောကြားခဲ့သေးသည်။ .

ယူကရိန်း-ရုရှား ငြိမ်းချမ်းရေးအဖြေရှာရန် အလားအလာများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကို ဆော်ဒီနိုင်ငံ ဂျဒ်ဒါမြို့တွင် သြဂုတ် ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၄၀ ကျော်မှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြသည်။ သို့ရာတွင် ယင်း အစည်းအဝေးသို့ ရုရှားကို ဖိတ်ကြားခြင်း မရှိခဲ့ပေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့် ရန်ကင်းမြို့နယ် အမှတ်(၈)ရပ်ကွက်၊ မဲရုံအမှတ်(၂)တွင် တွေ့ရသည့် မဲရုံပိတ်သိမ်းကာ မဲရလာဒ်များ စတင်ရေတွက်မှုမြင်ကွင်းများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ ညနေ ၄နာရီအချိန်တွင် မဲပေးမှုများ ပြီးစီးကာ မဲရုံများ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း(၃)ကို မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင်ကျင်းပခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသ​ကြီးတွင် ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာ တောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ စမ်းချောင်း၊...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071