Thursday, January 16, 2025

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ်...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင်...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ မြန် မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေး...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ဇန်နဝါရီ ၁၅ ရက်က...

ပြည်ပအလုပ်အကိုင်လိမ်လည်မှုများသတိထား–တရုတ်အစိုးရကသတိပေး

ပေကျင်း၊ဇန်နဝါရီ ၁၅ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းများရှိလာသကဲ့သို့ နယ်စပ်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပြဿနာများ အဖြစ်များနေသဖြင့် ပြည်သူများအနေဖြင့် အဆိုပါလုပ်ငန်းများ၏သားကောင်ဘဝမရောက်ရေးအတွက် သတိရှိရှိနေထိုင်ကြရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ယခုသတိပေးချက်သည် တယ်လီကွန်းလိမ်လည်မှုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများအတွက် သားကောင်အဖြစ် လူကုန်ကူးခံရပြီးနောက်...
HomeInternationalရုရှား-ယူကရိန်းစစ်ပွဲဆယ်စုနှစ်များစွာ ကြာနိုင်ဟုရုရှားသမ္မဟောင်း မက်ဗဲဒက်ဗ်...

ရုရှား-ယူကရိန်းစစ်ပွဲဆယ်စုနှစ်များစွာ ကြာနိုင်ဟုရုရှားသမ္မဟောင်း မက်ဗဲဒက်ဗ် ပြော

ပူတင်၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သည့် ရုရှားသမ္မတဟောင်း ဒီမစ်ထရီ မက်ဗဲဒက်ဗ် က ရုရှား-ယူကရိန်း အရေးအခင်းသည် ဆယ်စုနှစ်များစွာ ကြာမြင့်နိုင်ပြီး အပစ်အခတ် ရပ်စဲရေးများ ရှိလာနိုင်သော်လည်း စစ်ပွဲမှာမူ ကာလကြာရှည်စွာ ဆက်လက်ဖြစ်ပွားနေနိုင်သည်ဟု ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင် သတင်းဌာန RIA က မေလ ၂၅ ရက် ကြာသပတေးနေ့တွင် ဖော်ပြထားသည်။

ယခုလက်ရှိ ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဌ မက်ဗဲဒက်ဗ် သည် အဆိုပါ စကားကို ဗီယက်နမ်ခရီးစဉ်အတွင်း ပြောခဲ့ခြင်းဖြစ်သည်။

“ဒီအရေးအခင်းဟာ ဆယ်စုနှစ်ချီပြီး ကြာနိုင်တဲ့အထိ အချိန်အတော်ကြာမြင့်လာပါလိမ့်မယ်။ လက်ရှိ ကိယက်ဗ်အစိုးရတွေ အာဏာရနေသရွေ့ကတော့ သုံးနှစ်လောက် အပစ်အခတ် ရပ်စဲ၊ ၂ နှစ်လောက် အရေးအခင်းပြန်ဖြစ်၊ ပြီးရင် အဲဒီလိုမျိုးပဲ သံသရာတွေ လည်နေလိမ့်မယ်” ဟု မက်ဗဲဒက်ဗ် က ပြောလာခဲ့ကြောင်း RIA က ဖော်ပြထားသည်။

မက်ဗဲဒက်ဗ် သည် အလွန်ပြင်းထန်ပြီး ယတိပြတ် မှတ်ချက်များ ပေးတတ်သူအဖြစ် လူသိများသည်။ မက်ဗဲဒက်ဗ် သည် ၎င်း၏ ပြောဆိုချက်များအတွင်း ယူကရိန်းကို နာဇီနိုင်ငံတော်ဟု ခေါ်ဝေါ်သမုတ်ထားသည်။ ထို့ပြင် ဇန်နဝါရီလကလည်း ရုရှားသာ ယူကရိန်းကို ရှုံးနိမ့်ခဲ့ပါက နျူကလီးယားစစ်ပွဲသို့ ဦးတည်လာနိုင်သည်ဟု ပြောထားသူလည်းဖြစ်သည်။

Source: WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းပြုလုပ်

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက သိရသည်။ အဆိုပါ ပြစ်ဒဏ်ပေးမှုကို မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်လမ်းဆုံတွင် ဆိုင်ကယ်ဦးထုပ်မပါဘဲ မောင်းနှင်လာသူများကို တားဆီး၍ ဦးထုပ်မဆောင်းသည့် ပြစ်ဒဏ်အစား ဆိုင်ကယ်စီး ဦးထုတ်အသစ်တစ်လုံးကို ချက်ခြင်းဝယ်ယူဆောင်းခိုင်းစေသည့် ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ " ဦးထုပ်ဆောင်းဖို့ အရင်တည်းက အသိပညာပေးတာမျိုးတွေကို ယာဉ်ထိန်းရဲတွေက လုပ်ပါတယ်။ အဓိကဆိုင်ကယ်မောင်းသူတွေ ဦးထုပ်မဆောင်းရင်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို အသိပညာပေးတာတွေ အခါအားလျှော်ရင် ဆွေးနွေးမှုတွေလုပ်ပါတယ်။ အခုဟာကဗျာ...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန်ဆွေးနွေး

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ ထွေထွေအတွင်းရေးမှူးချုပ်တို့သည် ဇန်နဝါရီ ၉ ရက်ညနေပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ (ASEAN - China Centre - ACC)၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် တရုတ်-မြန်မာနှစ်နိုင်ငံကြား အကျိုး စီးပွားရရှိစေရေးနှင့် ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေရေး၊ အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ၊ AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍ၊ အပြန်အလှန်ဖလှယ်ရေးကဏ္ဍများတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ မြန် မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေး လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန်တိုက်တွန်းပြောကြား

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ဇန်နဝါရီ ၁၅ ရက်က ကိုရီးယားနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Woo Won-shik မှတည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့တက်ရောက်၍ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံကြားသံတမန်ဆက်ဆံရေးတည်ထောင်ခဲ့သည်မှာ ယခုနှစ်တွင် နှစ်(၅၀)ပြည့်မြောက်တော့မည်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်(၅၀)အတွင်း နှစ်နိုင်ငံကြား စီးပွားရေး၊ လူမှုရေးကဏ္ဍများအပြင် ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာများတွင်ပါ ခိုင်မာသောဆက်ဆံရေးကိုမြှင့်တင်နိုင်ခဲ့သည်ဟု ပြောသည်။ ထို့ကြောင့် ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များကို မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071