Monday, August 17, 2026

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က်...

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး...

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control...

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊...

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး...
HomeInternationalရုရှား မြောက်ကော့ကေးဆပ်ဒေသမှာ ‌ေ-သနတ်သမားတွေရဲ့...

ရုရှား မြောက်ကော့ကေးဆပ်ဒေသမှာ ‌ေ-သနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် အော်သိုဒေါ့ ဘုန်းတော်ကြီးတစ်ပါးနဲ့ ရဲ ၁၅ ဦး ‌ေ-သဆုံး

ရုရှားနိုင်ငံ မြောက်ကော့ကေးဆပ်ဒေသ ဒါဂျက်စတန်မှာ တနင်္ဂနွေနေ့က မြို့နှစ်မြို့ရှိ ရဲစခန်းတစ်ခုနဲ့ အော်သိုဒေါ့ဘုရားကျောင်းတစ်ကျောင်းကို ‌ေ-သနတ်သမားတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အော်သိုဒေါ့ ဘုန်းတော်ကြီးတစ်ပါးနဲ့ ရဲ ၁၅ ဦးထက်မနည်း ‌ေ-သဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အကြီးအကဲက ပြောဆိုပါတယ်။

“ဒီနေ့ဟာ ဒါဂျက်စတန်နဲ့ တစ်နိုင်ငံလုံးအတွက် ဝမ်းနည်းကြေကွယ်ဖွယ်ရာ နေ့တစ်နေ့ပါ” လို့ ဒါဂျက်စတန်ဒေသ အုပ်ချုပ်ရေးမှူး ဆာဂေး မာလီကော့ဗ်က တနင်္လာနေ့(ဇွန် ၂၄) ဗီဒီယို ထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

လူ ၁၄၅ ဦး‌ေ-သဆုံးခဲ့ရပြီး နှစ်များစွာအတွင်း ရုရှားသမိုင်းမှာ အဆိုးဝါးဆုံး အကြ-မ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့သော မော်စကိုမြို့အနီး ဂီတခန်းမတစ်ခုကို အိုင်အက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့အပြီး သုံးလအကြာ Makhachkala နဲ့ Derbent မြို့တွေမှာ တပြိုင်နက် ပစ်ခတ်တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။

မတည်ငြိမ်တဲ့ ဒေသတစ်ခုဖြစ်သော မြောက်ကော့ကေးဆပ်မှာ ယခု တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်း လက်ချက်လည်းဆိုတာတော့ လတ်တလောမှာ ထုတ်ပြန်လာခြင်း မရှိသေးကြောင်း သိရပါတယ်။

ဒီအကြ-မ်းဖက်တိုက်ခိုက်မှုတွေလုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေနောက်မှာ ဘယ်သူတွေ ရှိနေတယ်၊ ဘယ်လို ရည်ရွယ်နဲ့လုပ်နေတယ်ဆိုတာကို မိမိတို့ နားလည်သိရှိထားကြောင်း မာလီကော့ဗ်က အသေးစိတ်အချက်တွေ မဖော်ပြဘဲ ပြောဆိုခဲ့ပါတယ်။

တိုက်ခိုက်ခဲ့သူတွေထဲမှာ ဒါဂျက်စတန်အလယ်ပိုင်း ဆာဂိုကာလာခရိုင် အကြီးအကဲရဲ့ သားနှစ်ဦးပါဝင်ကြောင်းနဲ့ သူတို့ကို စုံစမ်းစစ်ဆေးသူတွေက ထိန်းသိမ်းထားကြောင်း ဥပဒေအဖွဲ့ဝင်တစ်ဦးကို ကိုးကားပြီး ရုရှားနိုင်ငံပိုင် မီဒီယာက ဖော်ပြသွားပါတယ်။

အခင်းဖြစ်စဉ်အတွင်း ‌ေ-သနတ်သမားခြောက်ဦး ပ-စ်ခံခဲ့ရကြောင်း မာလီကော့ဗ်က ပြောဆိုပါတယ်။ အမျိုးသား အကြ-မ်းဖက်မှုတိုက်ဖျက်ရေးကော်မတီကို ကိုးကားပြီး ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီတွေ ထုတ်ပြန်ရာမှာတော့ ‌ေ-သနတ်သမား ငါးဦး ‌ေ-သဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

Ref: SWI

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ သြဂုတ် ၁၆ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ဘယ်လာရုစ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ဂုဏ်ပြုညစာသုံးဆောင်ပြီးချိန်တွင် ရန်ကုန်တိုင်းလွှတ် တော်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌတို့က ကပြဖျော်ဖြေခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား/သူများအား...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က် (၂)ဦး‌ေ-သဆုံးခဲ့မှု ဝေါမြို့နယ်တွင်ဖြစ်ပွား

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး မျက်နှာချင်းဆိုင်တို-က်မိခဲ့ကြောင်း သိရသည်။ အဆိုပါ ကားကြီးနှင့် အဌားကား (Taxi)တို့သည် ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၈/၃ တွင်မျက်နှာချင်းဆိုင်တို-က်မိခဲ့ခြင်းဖြစ်ပြီး အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရုပ်အလေ-ာင်းများအား ဝေါလူမှုကူညီရေးအသင်းက ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control ပိုင်းတို့တွင် သြဂုတ် ၁၆ ရက်ည ၆ နာရီခန့်က လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းကို ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)က သြဂုတ် ၁၆ ရက်ညပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုအတွက် လိုအပ်သည့်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းများကို အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်နေချိန်တွင် ရေတွန်းစက်ကြီးများအား ခေတ္တရပ်နားထားရမည်ဟုလည်းအသိပေးခဲ့ကြောင်း သိရသည်။ ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားရချိန်၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071