ရုရှားနှင့် မြန်မာလေကြောင်း ခရီးစဉ်အနေဖြင့် ရန်ကုန်လေဆိပ်နှင့် မန္တလေး တံတားဦး လေဆိပ်မှတဆင့် ရုရှားနိုင်ငံ နိုဗိုဆီဘီရက်စ်ခ် ခရီးစဉ်ကိုလာမည့် စက်တင်ဘာ (၅) ရက်တွင် စတင်ကာ MAI လေကြောင်းလိုင်းမှပျံသန်းမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ သိရသည်။
အဆိုပါ ခရီးစဉ်ကို အပတ်စဉ် အင်္ဂါနှင့် စနေနေ့တိုင်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ အမေရိကန်ဒေါ်လာ 409 ဒေါ်လာဖြစ်သည်။
အဆိုပါ ခရီးစဉ်လမ်းကြောင်းသစ်ကို မြန်မာနိုင်ငံရှိ နာမည်ကြီး ပြည်တွင်းခရီးစဉ်များဖြစ်သည့် ငပလီ ၊ ဟဲဟိုး၊ ပုဂံ ၊ ညောင်ဦး ခရီးစဉ်တို့နှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားရန်ရှိကြောင်း သိရသည်။
ယင်းခရီးစဉ်လမ်းကြောင်းမှတဆင့် ရုရှားနိုင်ငံမှ ခရီးသည်များအနေဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိနှင့် ဒွန်မောင်းလေဆိပ် ၊စင်ကာပူ၊ ကွာလာလမ်ပူ၊ ဟနွိုင်း၊ ဖနွမ်းပင်နှင့် ကာလကတ္တားတို့အထိ အဆင်ပြေစွာ ချိတ်ဆက်၍ ခရီး သွားနိုင်မည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။