ရုရှား တာ့စ်(TASS) သတင်းဌာန အာကာသတွင် သတင်းဌာနရုံးခွဲဖွင့်မည်
ရုရှားနိုင်ငံ၏ အကြီးမားဆုံး သတင်းဌာနကြီးတစ်ခုဖြစ်သည့် တာ့စ်(TASS)သတင်းဌာနသည် နိုင်ငံတကာအာကာသစခန်းတွင် သတင်းဌာနရုံးခွဲတစ်ခုကို အမြဲတန်းဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်းသိရသည်။
ထိုသို့ဖွင့်လှစ်ရန်အတွက် ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်းနှင့် နားလည်မှုစာချွန်လွှာကို ယမန်နေ့(နိုဝင်ဘာ ၁၇)က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။
“အာကာသ သတင်းဌာနရုံးခွဲအတွက် ပထမဆုံးသတင်းထောက်ကတော့ အလက်ဇန်းဒါး မီဆူရာကင်ဖြစ်ပါတယ်”ဟု တာ့စ်သတင်းဌာနကို ဦးဆောင်စီမံခန့်ခွဲနေသူ ဆာဂျီမီခေးလော့ဗ်ကပြောသည်။
တာ့စ် သတင်းဌာနကို ၁၉၀၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ကတည်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်သဖြင့် ယခုအခါ သက်တမ်း ၁၁၇ နှစ်ရှိနေပြီဖြစ်သည်။ တာ့စ် သတင်းဌာနသည် နိုင်ငံပိုင် သတင်းဌာနကြီးတစ်ခုဖြစ်ပြီး ရုံးချုပ်မှာ မော်စကိုမြို့တွင်တည်ရှိကာ ကမ္ဘာ့နိုင်ငံ ၆၈ နိုင်ငံတို့တွင် ရုံးခွဲများဖွင့်လှစ်ထားသည်။ ယခုအခါ ကမ္ဘာပေါ်တွင် အာကာသ၌ ပထမဆုံး ရုံးခွဲဖွင့်လှစ်သော သတင်းဌာနဖြစ်လာပြီဖြစ်သည်။
ကိုးကား
Russia’s TASS news agency to open office in space