မော်စကို၊ ဧပြီ ၇
ကမ္ဘာတစ်ဝန်း၌ စွမ်းအင်အကျပ်အတည်း ဖြစ်နေကြသော်လည်း ရုရှား၏ စွမ်းအင် အရင်းအမြစ်များ ကို ဝယ်လိုအားသည် မြင့်တက်နေကြောင်း ခရမ္မလင်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စကော့ဖ် က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
“ယခုအခါ ကမ္ဘာကြီးသည် ပြင်းထန်သော စီးပွားရေးနှင့် စွမ်းအင်ဆိုင်ရာ အကျပ်အတည်းတစ်ခု၏ လမ်းကြောင်းပေါ်တွင် အခိုင်အမာ ရောက်ရှိနေပြီး တစ်နေ့ထက်တစ်နေ့ ပို၍ ကြီးမားလာနေသည့် အကြပ်အတည်း၊ စွမ်းအင်ဈေးကွက်နှင့် ၎င်း၏အခြေအနေများသည် လုံးဝပြောင်းလဲသွားပါပြီ” ဟု ပက်စကော့ဖ်က ပြောကြားခဲ့သည်။
“ကျွန်ုပ်တို့၏ စွမ်းအင်အရင်းအမြစ်များကို အစားထိုးစျေးကွက်များမှ ဝယ်လိုအား များနေသည်” ဟု ၎င်းက ဆိုသည်။ “ကျွန်တော်တို့ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ နည်းလမ်းနဲ့ ညှိနှိုင်းနေပါတယ်” ဟုသူကဆိုသည်။
Ref:ဆင်ဟွာ
