Monday, May 26, 2025

NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့်...

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက...

စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန် NDAA (မိုင်းလား)အဖွဲ့နှင့်တွေ့ဆုံစဉ်...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌ...

မွေထိုင်း ချန်ပီယံကို ပထမအချီတွင်ပင် အလဲထိုးဖြင့်...

ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ရာမာန်အနေဖြင့်...

လွှတ်တော်အဆောက်အဦများပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၅ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိခိုက်ပျက်စီးခဲ့သည့်နေရာများဖြစ်သည့်...
HomeNewsLocal Newsရုရှားအထက်လွတ်တော်ဥက္ကဋ္ဌ ဆောင်ရွက်နေသည့် အမျိုးသမီးများနှင့်ပတ်သက်သော...

ရုရှားအထက်လွတ်တော်ဥက္ကဋ္ဌ ဆောင်ရွက်နေသည့် အမျိုးသမီးများနှင့်ပတ်သက်သော စီမံကိန်းများတွင် မြန်မာပါဝင်လာဖို့မျှော်လင့်ရင်းဖိတ်ခေါ်                                              

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် ဇနီး ဒေါ်ကြူကြူလှ သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီရုံး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး က ဧည့်သည်တော်မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးပြီးနောက် နှစ်ဖက်အဖွဲ့ဝင်များအပြန်အလှန်မိတ်ဆက်ကြသည်။

ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲကို ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ အထက်လွတ်တော်ဥက္ကဋ္ဌ၏ ဆွေးနွေးချက်များမှာ

ငလျင်အတွက် ကြေကွဲဝမ်းနည်းရကြောင်း ၊ ပျက်စီးသွားသည့် အဆောက်အအုံများကိုရုရှားဘက်က ကျွမ်းကျင်သူများနှင့်လာရောက်ပြုပြင်မည့်အကြောင်း၊မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်ပြီးနောက် လွှတ်တော်ဖြစ်လာချိန်တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊
ရုရှားအမျိုးသမီးစောင့်ရှောက်မှုစီမံကိန်းများရှိကြောင်း၊  (Eurasian Women’s Forum) ယူရေးရှား အမျိုးသမီး ဖိုရမ်ကို သုံးနှစ်တစ်ခါ ပြုလုပ်‌ကြောင်း၊ ၎င်းဖိုရမ်တွင် ကလေ-းငယ်တွေနဲ့အမျိုးသမီးတွေရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့အတွက်ကို ဖိုရမ်က လုပ်ဆောင်ပေးကြောင်း၊
စီမံခန့်ခွဲရေးကော်မတီက အမြဲမပျက် လုပ်ဆောင်နေပါကြောင်း၊ အမျိုးသမီးများဟာ စီးပွားရေး နိုင်ငံရေးများမှာ ပါဝင်နိုင်အောင် အားပေးတဲ့စီမံကိန်းပဲဖြစ်ကြောင်း၊ အဆိုပါ လှုပ်ရှားမှုထဲ မြန်မာက ပါဝင်လာဖို့ကိုလည်း မျှော်လင့်ပါကြောင်း၊ဆိုဗီယက်ယူနီယံကာလမှ ယခုအချိန်ထိ မြန်မာကျောင်းသား ၃၀၀၀၀ ကျော် ဘွဲ့ရခဲ့ပြီးဖြစ်ကြောင်း၊
ရုရှားအစိုးရက မြန်မာကျောင်းသားများအား ၁ နှစ်ကို အယောက်၄၀ ခန့် ပညာသင်ဆုပေးနေတာတွေရှိကြောင်း၊ လိုအပ်ရင်လည်း ထပ်မံပြီးတော့မှ တိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊
မြန်မာမှာလည်းရုရှားဘာသာစကားသင်တန်းကျောင်းတည်ဆောက်ဖို့ အတွက် ရုရှား မြန်မာပူးတွဲ လက်မှတ်ရေးထိုးသွားဖို့ ရှိပါကြောင်း၊မြန်မာပြည်ဟာ နိုင်ငံတကာမှာ စီးပွားရေး အလားအလာအများကြီး ရှိတဲ့တိုင်းပြည်ဖြစ်သလိုသဘာဝ သတ္ထုပစ္စည်းတွေ ကြွယ်ဝတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံနဲ့ပူးပေါင်းဖို့အလားအလာအများကြီးရှိကြောင်း အထက်လွှတ်တော် ဥက္ကဌက ပြောကြားခဲ့သည်။

နစက ဥက္ကဋ္ဌ ၏ ဇနီး ဒေါ်ကြူကြူလှက မြန်မာတွင်လှုပ်ခတ်ခဲ့သော ငလျင်နှင့်ပတ်သက်ပြီး နောက်ဆုံးရ စာရင်းများ နှင့်အခြေအနေများရှင်းပြခြင်း၊ငလျင်အပြီးရုရှားနိုင်ငံ၏ အကူအညီများအပါအဝင် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုတွေလည်း မြန်မာနိုင်ငံကို ဆောလျင်စွာရောက်ရှိခဲ့မှုအပေါ်ကျေးဇူးတင်ခြင်း၊
ရုရှ၏ကူညီမှုကမြန်မာ့တိုးတက်မှု၏အတွက် အထောက်အကူပြုကြောင်း၊နှစ်နိုင်ငံ ပူးပေါင်းမှုအရှိန်မြှင့်လုပ်ဆောင်သွားလိုကြောင်း၊
ပညာရေးနှင့်ပတ်သက်၍ ရုရှတွင်မြန်မာနိုင်ငံမှ ပညာတော်သင်ကျောင်းသားများ ပညာသင်နေသည့်အစဉ်အဆက်တွက် ကျေးဇူးတင်ကြောင်း၊ မြန်မာတွင် ကျောင်းလာဖွင့်မည်ဆိုပါဝမ်းမြောက်စွာကြိုဆိုပါကြောင်း တို့တို့ ရင်းနှီးနွေးထွေးစွာ ပြောကြားခဲ့ကြသည်။

၎င်းတို့တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြ
သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံထားခြင်းမရှိ

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌တွေ့ဆုံစဥ် NDAA (မိုင်းလား)၏ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)၏ သဘောထားခံယူချက်အနေ ဖြင့် နှစ်(၃ဝ)ကျော်ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှချမှတ်ထားထားသော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး "တို့တာဝန်အရေးသုံးပါး"အတွက် အဓိကထားဆောင်ရွက်လျက်ရှိသည်ဟု ရှင်းလင်းတင်ပြသည်။ ထို့ပြင် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန်ချောမွေ့စေရေး၊ မိမိတို့ဒေသအတွင်း ပညာရေးကဏ္ဍနှင့်ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုပြီး မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံထားခြင်းမရှိဟု တင်ပြသည်။ ထို့အတူ ဒေသတွင်းနှင့်...

စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန် NDAA (မိုင်းလား)အဖွဲ့နှင့်တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌပြောကြား

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နစကဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုစ နစ်ကိုလျှောက်လှမ်းနေကြခြင်းဖြစ်၍ နိုင်ငံတွင်းမှီတင်းနေထိုင်သည့် တိုင်းရင်းသားညီရင်းအကို မောင်နှမများအားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန်လိုအပ်သည်ဟု ပြောသည်။ ထို့ပြင် မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်ပေါ်စေရေးအတွက် ကောင်းမွန်စေလိုသည့်စိတ်ဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဦးစားပေးအနေဖြင့် အရေးကြီးသည့် ပညာရေးနှင့်...

မွေထိုင်း ချန်ပီယံကို ပထမအချီတွင်ပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည့် ရာမာန်

ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ရာမာန်အနေဖြင့် ပြိုင်ဘက်ဖြစ်သူ မွေထိုင်းဖိုက်တာ ဖာမီချိုင်းကို ပထမအချီ၌ပင် Knock down နစ်ကြိမ်ကျအောင် ထိုးသ-တ်ကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် ဒုခေါင်တွဲဆိုင်းနေရာတွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ဖားမီချိုင်းမှာ မြန်မာပရိတ်သတ်များရင်းနှီးပြီးသားဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။ ဖာမီချိုင်းသည် BKFC ထိုင်း ရွှေခါးပတ် နှစ်ခု ရရှိပိုင်ဆိုင်ထားသည့်အပြင် ယခုလ မတ် (၁၄) ရက်နေ့၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071