Friday, March 21, 2025

ကျိုင်းတုံ စော်ဘွားဈေးနေ့ ကျင်းပ

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ယနေ့ မတ်လ (၂၀)ရက် နံနက်ပိုင်းအချိန်တွင် ရှမ်းတိုင်းရင်းသားများက စော်ဘွားဈေးနေ့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးရောင်းချမှုသည် စော်ဘွားများကို အမှတ်ရခြင်း၊...

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၅၀၀)ကျော်ဖြင့်တည်ဆောက်ပေးခဲ့သည့် အရှည်ပေ(၃၂၀)ရှိ...

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်နှင့် ပဲခူးမြို့မဈေးသို့ဆက်သွယ်ထားသည့် ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၅၀၀) ကျော်ဖြင့်တည်ဆောက်ပေးခဲ့သော အရှည်ပေ (၃၂၀)ရှိ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားအား မတ် ၁၉ ရက်နံနက်ပိုင်းက...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr....

ပူတင်၊ ဇီလန်စကီတို့နှင့် ဖုန်းပြောဆိုမှုများ ‘အလွန်ကောင်းမွန်’...

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီတို့နှင့် မကြာသေးမီက ဖုန်းပြောဆိုမှုများမှာ အလွန်ကောင်းမွန်သည်ဟုပြောကြားခဲ့သည်။ “ကျွန်တော်တို့...
HomeInternationalရုရှားသည် တရုတ်နှင့် အခြားနိုင်ငံများနှင့်အတူ...

ရုရှားသည် တရုတ်နှင့် အခြားနိုင်ငံများနှင့်အတူ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်

ရုရှားသည် တရုတ်နှင့် အခြားနိုင်ငံများနှင့်အတူ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်

ယူကရိန်းစစ်ပွဲအတွင်း မော်စကိုနှင့် ပေကျင်းကြား အလွန်ရင်းနှီးသော ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး ရှိနေသည်ကို ပြသရန်အတွက် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံမှ စစ်တပ် တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးလေ့ကျင့်မှုများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှားက ပြောကြားခဲ့သည်။

ရုရှားဦးဆောင်သော ဗားစတခ် ၂၀၂၂ အမည်ရ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံအရှေ့ဖျားနှင့် ဂျပန်ပင်လယ်ရှိ နေရာအသီးသီးတွင် စက်တင်ဘာလ ၁ ရက်မှ ၇ရက်အထိ ပြုလုပ်ကျင်းပသွားမည် ဖြစ်သည်။ 

အဆိုပါ လေ့ကျင့်မှုအတွင်း လေယာဉ် ၁၄၀ စင်းနှင့် စစ်သင်္ဘော အစီးပေါင်း ၆၀  ပါဝင်သောစစ်လက်နက်ပစ္စည်းတပ် ငါးထောင်ကျော်နှင့် တပ်ဖွဲ့ဝင် ငါးသောင်းကျော် ပါဝင်မည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို ရုရှားနိုင်ငံ အရှေ့ပိုင်း အစွန်းအဖျားရှိ အပစ်အခတ်လေ့ကျင့်ရေး စခန်း ၇ ခုတွင် ပြုလုပ်မည်ဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ လာအို၊ မွန်ဂိုလီးယား၊ နီကာရာဂွါနှင့် ဆီးရီးယားတို့အပါအဝင် ယခင်ဆိုဗီယက်နိုင်ငံဟောင်းများမှ တပ်ဖွဲ့ဝင်များ ပါ၀င်မည်ဖြစ်သည်။

ထို့အပြင် ရုရှားလေကြောင်းချီတပ်များ၊ တာဝေးပစ်ဗုံးကြဲလေယာဉ်များနှင့် စစ်ဘက်ဆိုင်ရာ ကုန်တင်လေယာဉ်များသည် အခြားတပ်ဖွဲ့များနှင့်အတူ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှားဝန်ကြီးဌာနက စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်ပင်လယ်ရှိ ရုရှားနှင့် တရုတ်ရေတပ်များသည် ပင်လယ်ရေကြောင်း ဆက်သွယ်ရေးနှင့် ပင်လယ်ပြင်ရှိ စီးပွားရေးလုပ်ငန်းနယ်ပယ်များ ကိုကာကွယ်ရန်၊ ကမ်းရိုးတန်းဒေသများရှိ မြေပြင်တပ်များကို ပံ့ပိုးကူညီရန် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

“ဒီစစ်ရေးလေ့ကျင့်မှုဟာ ဘယ်နိုင်ငံ၊ ဘယ်စစ်ရေးမဟာမိတ်အဖွဲ့တွေကိုမှ ဆန့်ကျင်တိုက်ခိုက်လိုတဲ့စိတ်နဲ့ ပြုလုပ်တာမဟုတ်ပါဘူး၊ ဒီတိုင်း ကာကွယ်ရေးသက်သက် အတွက်ပါပဲ” ဟုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒား ဖာမင်က နိုင်ငံခြားစစ်သံမှူးများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျိုင်းတုံ စော်ဘွားဈေးနေ့ ကျင်းပ

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ယနေ့ မတ်လ (၂၀)ရက် နံနက်ပိုင်းအချိန်တွင် ရှမ်းတိုင်းရင်းသားများက စော်ဘွားဈေးနေ့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးရောင်းချမှုသည် စော်ဘွားများကို အမှတ်ရခြင်း၊ ပူဇော်ခြင်း အထိမ်းအမှတ်အဖြစ် တစ်နှစ်လျှင် တစ်ရက်သာ ခင်းကျင်းရောင်းချကြခြင်းဖြစ်‌ပြီး စော်ဘွားများ၏ အု တ်ဂူတွင် ပူဇော်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ စော်ဘွားဈေးကို လွိုင်မွေလမ်းရှိ စော်ဘွားကြီးများ အုတ်ဂူနောက်ကျောနေရာမှ ပါလျန်တံခါးအလွန် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့အထိလည်းကောင်း၊ ဈေးတန်းကြီးလမ်း ကောင်းမှူးခမ်း ဘုန်းကြီးကျောင်းလမ်းထောင့်မှ စော်ဘွားကြီး အုတ်ဂူရှေ့သို့ လည်းကောင်း၊ တစ်ဆက်တည်း EPC သွားလမ်းကွေ့အထိ စည်ကားသိုက်မြိုက်စွာ...

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၅၀၀)ကျော်ဖြင့်တည်ဆောက်ပေးခဲ့သည့် အရှည်ပေ(၃၂၀)ရှိ ပဲခူးမြစ်ကူးတံတားဖွင့်လှစ်

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်နှင့် ပဲခူးမြို့မဈေးသို့ဆက်သွယ်ထားသည့် ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၅၀၀) ကျော်ဖြင့်တည်ဆောက်ပေးခဲ့သော အရှည်ပေ (၃၂၀)ရှိ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားအား မတ် ၁၉ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား ၏ မူလတံတားဟောင်းသည် တစ်လမ်းသွားနှစ်လွှာတစ်ထပ်ဘေလီတံတားဖြစ်ပြီး ဘေလီတံတားပေါ်မှ ယာဉ်ဖြတ်သန်းနေစဉ် အခြားယာဉ်များစောင့်ဆိုင်းနေရသဖြင့် ယာဉ်ကြောကြပ်တည်းမှုဖြစ်ပေါ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် သံကူကွန်ကရစ်တံတားအား တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ နေ့စဉ်ဖြတ်သန်းသွားလာသည့် ဒေသခံများ၊ ဈေးသွားဈေးပြန်များ၊ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကြုံတွေ့ရခြင်းမှကင်းဝေးပြီး ယာဉ်ကြောကြပ်တည်းမှု မရှိတော့ဘဲ မိုးတွင်းကာလပဲခူးမြစ်ရေမြင့်တက်လာမှု၊ ရေကြီးရေလျှံမှုကြောင့် ဖြတ်သန်းသွားလာသည့် ကားများနှင့်...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရန်ဆွေးနွေး

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov တို့ဆွေးနွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌမှ ရုရှားနိုင်ငံသံအမတ်ကြီးအား ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာ-ရုရှားနှစ်နိုင်ငံလွှတ်တော်များကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ရုရှားနိုင်ငံလွှတ်တော်များသို့ လေ့လာရေးအဖွဲ့များစေလွှတ်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ကာကွယ်ရေးပိုင်းဆိုင်ရာများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်သွားရေးနှင့် နှစ်နိုင်ငံကြားချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071