ရုရှားနိုင်ငံသည် ယူရေနီယံ သန့်စင်ရေးတွင် ကမ္ဘာ့ ထိပ်တန်းအဖြစ်ဆက်လက်ရပ်တည်ဆဲ ဖြစ်ကြောင်း ရုရှား နိုင်ငံပိုင် နျူကလီးယား ကော်ပိုရေးရှင်း ရို့ဆက်တမ် အကြီးတန်း အရာရှိ ကိရီကိုမာရော့ဗ် က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ရို့ဆက်တမ် ၏ ကော်ပိုေရးရှင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်း ပထမလက်ထောက် စီအီးအို ကိုမာရော့ဗ် က အမေရိကန် နျူကလီးယားဓာတ်အားပေးစက်ရုံများ၏ ၂၅ ရာခိုင်နှုန်းသည် ရုရှား၏ယူရေနီယံထောက်ပံ့မှုအပေါ် မှီခိုနေရကြောင်း ပြောကြားခဲ့သည်။
“ယူရေနီယံ သန့်စင်ရေးမှာ ကမ္ဘာမှာ ကျွန်တော်တို့ ဆက်ပြီး ဦးဆောင်နေပါတယ်” ဟု ကိုမာရော့ဗ်က ပြောကြားခဲ့သည်။ “ကျွန်ုပ်တို့၏ အနောက်တိုင်း မိတ်ဖက်အချို့သည် ယင်းကို ပြောင်းလဲရန် မည်သို့ပင် လုပ်ဆောင်ပါစေ၊ ၎င်းတို့သည် ယခုအချိန်အထိ မအောင်မြင်သေးပါ။ ကျွန်ုပ်တို့၏ ကမ္ဘာ့ယူရေနီယံ သန့်စင်ရေးဈေးကွက်၏ ဝေစုမှာ ၄၀ ရာခိုင်နှုန်းနီးပါး ရှိနေပါသည်” ဟုသူကဆိုသည်။
အမေရိကန်ပြည်ထောင်စုသည် အကြီးမားဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံများကိုလည်ပတ်နေပြီး စုစုပေါင်း တပ်ဆင်အား ၁၀၀ ဂစ်ဂါဝပ် နီးပါးရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref: ရှင်းဟွာ
