Tuesday, June 16, 2026

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...
HomeInternationalရုရှားနှင့် ယူကရိန်း စစ်အကျဉ်းသားလဲလှယ်မှုအသစ်...

ရုရှားနှင့် ယူကရိန်း စစ်အကျဉ်းသားလဲလှယ်မှုအသစ် စတင်

ယူကရိန်းနှင့် ရုရှားအကြား အကျဉ်းသားလဲလှယ်မှုအသစ်ကို စတင်လိုက်ပြီဟု နှစ်နိုင်ငံတာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး နေရပ်ပြန်ကြရသူများတွင် စစ်ပွဲကာလတလျှောက်လုံးနီးပါး ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သားများလည်း ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က တူကီယေးနိုင်ငံဆွေးနွေးခဲ့မှု၌ ရရှိခဲ့သော သဘောတူညီချက်အရ အလဲအလှယ်လုပ်ရာတွင် အသက် ၂၅ နှစ်အောက် ဖမ်းဆီးခံထားရသူများအပြင် ပြင်းထန်‌သောဒဏ်ရာရရှိထားသူများလည်း ပါဝင်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တယ်လီဂရမ်တွင် အတည်ပြုရေးသားခဲ့သည်။

ယူကရိန်းသည် အကျဉ်းသား အလဲအလှယ်ခြင်းကိစ္စကို ဆိုင်းထားသည်ဟု မော်စကိုက စွပ်စွဲခဲ့ပြီး ကိဗ်က ငြင်းဆိုခဲ့သော သီတင်းပတ်ကုန်ပိုင်းက အငြင်းပွားမှုအပြီးတွင် ယခုအစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။

ရုရှားတွင် ထိန်းသိမ်းခံထားရသည့် ယူကရိန်းနိုင်ငံသားများသည် နေရပ်သို့ပြန်လာနေပြီဖြစ်ကြောင်းနှင့် ယနေ့တွင် လဲလှယ်မှု စတင်ခဲ့ပြီး လာမည့်ရက်အနည်းငယ်အထိ အဆင့်အလိုက်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇလန်းစကီးက ရေးသားခဲ့သည်။

လွတ်မြောက်လာသူများထဲတွင် စစ်ပွဲ၏ ပထမရက်သတ္တပတ်များအတွင်း ရုရှားတို့၏ အပြင်းအထန်တို-က်ခို-က်မှုကို ခံခဲ့ရသော မာရီယူပူးလ်မြို့ကို ကာကွယ်ခဲ့သည့် ယူကရိန်းစစ်သားများလည်း ပါဝင်ခဲ့သည်ဟု ယူကရိန်းစစ်အကျဉ်းသားဆိုင်ရာ ညှိနှိုင်းရေးဌာနချုပ်က ပြောကြားခဲ့သည်။

လွတ်မြောက်လာသူအများစုသည် ၂၀၂၂ ခုနှစ်ကတည်းက ထိန်းသိမ်းခံထားရသူများဖြစ်ကြောင်း ယူကရိန်းလွှတ်တော် လူ့အခွင့်အရေးကော်မရှင်နာဒီမီထရို လူဘီနက်စ်က ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း အကျဉ်းသားလဲလှယ်မှု လုပ်ဆောင်နေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ “လောလောဆယ်မှာ ရုရှားစစ်မှုထမ်းတွေ ဘယ်လာရုစ်သမ္မတနိုင်ငံထဲမှာ ရှိနေပြီး အဲဒီမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေ ရရှိနေပါတယ်” ဟု ဝန်ကြီးဌာက ပြောဆိုခဲ့သည်။

ယခုအကျဉ်းသားလဲလှယ်မှုသည် သုံးနှစ်ကြာခဲ့ပြီဖြစ်သော စစ်ပွဲစခဲ့ပြီးနောက်ပိုင်း အကြီးဆုံး လဲလှယ်မှုဖြစ်လိမ့်မည်ဟု ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများဆိုင်ရာ ရုရှားကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ဗလာဒီမာ မီဒင်စကီးက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောဆိုထားသည်။ ကျဆုံး ယူကရိန်းစစ်သည် ၆,၀၀၀ ကျော်၏ ရုပ်အလေ-ာင်းများနှင့် အရေအတွက် အတိအကျမသိရသေးသည့် ဒဏ်ရာရစစ်သည်များကို ရုရှားက လွှဲပြောင်းပေးသွားမှာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ref: စီအင်န်အင်န်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားစဥ် အထက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ် သည်။ ပြည်သူ့အတွက် ပြီးပြည့်စုံသောဝန်ဆောင်မှု‌များ၊ နိုင်ငံအတွက် လက်ငင်းအကျိုးရှိစေမည့် အစီအမံများ ချ မှတ်၍ ရက်(၁၀၀)အတွင်း၌ ဝန်ကြီးဌာန၏ "လမင်း"စီ မံချက်အဖြစ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်ရမည်ဟု တိုက်တွန်းပြောကြားသည်။ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံဝန်ထမ်းပီပီ နိုင်ငံနှင့် ပြည်သူ့အတွက် သစ္စာတရားကိုလက်ကိုင်ပြု၊ ကိုယ်ချင်းစာစိတ်ထားယှဉ်၍ ကောင်းမြတ်သောအစဉ်အလာများကိုလက်ဆင့်ကမ်းသယ်ပိုးရင်း အချင်းချင်းစည်း လုံးညီညွတ်စွာဖြင့်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင်း ဦးဝင်နိုင် က ယနေ့ တွင် အသိပေးထားသည်။ ထိုပြင် ဇွန်လ ၁၅ ရက်မှ စတင်ကာ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွာသွန်းရရှိနိုင်မည့် စုစုပေါင်းမိုးရေချိန် (mm) ခန့်မှန်းချက်နှင့်...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ မဟာသိမ်တော်ကြီးဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ကြွရောက်တော်မူခဲ့ကြသည်။ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ မဟာသိမ်တော်ကြီးဆရာတော်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ထံမှ တက်ရောက်လာကြသူများက လမ်းညွှန်ဩဝါဒမြွက်ကြားချက်များကိုနာယူကြည်ညိုခဲ့ကြသည်။  ထို့နောက် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးကဘွဲ့ရရှိကြသူများ၏ အတည်ပြုလွှာများကို လက် မှတ်ရေးထိုးပေးတော်မူပြီး MA တက်ရောက်အောင်မြင်ကြသည့် ကျောင်းသား/သူများအား ဘွဲ့လက်မှတ်များချီးမြှင့်ပေးအပ်တော်မူခဲ့သည်။ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင့်းသဘင်တွင် စာအောင်သံဃာတော်များအတွက် ရန် ကုန်တိုင်းအစိုးရအဖွဲ့(ကိုယ်စား) ရန်ကုန်တိုင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071