Monday, April 21, 2025

တစ်ကျော့ပြန်တိုက်ပွဲနှင့် ကော့ကရိတ်မြို့မြင်ကွင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မြို့တွင်းပိတ်မိနေသူများရှိနေကြောင်းနှင့် အစားအသောက် ရှားပါးလာကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ "တစ်မြို့လုံး ပိတ်မိနေလို့အစားအသောက်ခက်ခဲ ရှားပါးလာပါတယ်"ဟု ‌၎င်းက ဆိုသည်။ ဧပြီလ (၁၅)...

ရခိုင်ယူနိုက်တက်အသင်းကို Glory Sport က...

ရခိုင်ယူနိုက်တက်အသင်းနှင့် ယူ -၂၁ လူ ငယ်အသင်းအတွ က် Glory Sport အား ကစားဝတ်စုံလုပ်ငန်းက (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်ခဲ့ကြောင်း...

နိုင်ငံတကာသတ်မှတ် SOP အတိုင်းဆောက်လုပ်ခဲ့သည့် Naypyitaw...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး(၇)အထိခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့သော နေပြည်တော်ရှိ Naypyitaw State Academy တွင်ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း...

ငလျင်ဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကိုဖျက်သိမ်းမည်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး စျေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။ ငလျင်ဒဏ်သင့် ဈေးချိုတော်ဧရိယာအတွင်းရှိ ဈေးရုံအသီးအသီး၏ ကြံ့ခိုင်မှု့နှင့် အန္တရာယ်ကင်းရှင်းရေးအတွက်...
HomeNewsLocal Newsရုရှားနှင့် မြန်မာ အာကာသဆိုင်ရာ...

ရုရှားနှင့် မြန်မာ အာကာသဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း လုပ်ဆောင်မည်

ရုရှားနှင့် မြန်မာ အာကာသဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း လုပ်ဆောင်မည်

ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အာကာသနည်းပညာဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပူးပေါင်းဆာင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံရှိ ဘော့စတော့ချနီ အာကာယာဉ်လွှတ်တင်ရေးစခန်း (Vostochny Cosmodrome) အသစ်သို့ သွားရောက်ကာ လေ့လာမှုများ လုပ်ဆောင်ခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် Eastern Economic Forum (EEF) သို့ တက်ရောက်ရန် ရုရှနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်ပြီး ကဏ္ဍအလိုက်အရေးပါသည့်နေရာများ၊ဒေသတဝန်ရှိသူများနှင့် တွေ့ဆုံလေ့လာမှုများ လုပ်ဆောင်လျက်ရှိရာ အာကာယာဉ်လွှတ်တင်ရေးစခန်းသို့ သွားရောက် လေ့လာခဲ့ခြင်းသည် တစ်ခုအပါအဝင် ဖြစ်သည်။

ယင်းကဲ့သို့ သွားရောက်လေ့လာရာတွင် Roscosmos ၏ ညွှန်ကြားရေးမှူးချုပ် Yury Borisov က မြန်မာနိုင်ငံ ဝန် ကြီးချုပ်အား ဘော့စတော့ချနီ၏ အခြေခံအဆောက်အဦများနှင့် Cosmodrome ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အ လားအလာများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Soyuz-2 သယ်ဆောင်သည့် ဒုံးပျံ၏ ပစ်လွှတ်မှုနှင့် နည်းပညာဆိုင်ရာများ ၊ Angara ဒုံးပျံများအတွက် လွှတ်တင်ရေးနေရာ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အပြင် EEF ဖိုရမ်အတွင်း Roscosmos ၏ ညွှန်ကြား ရေးမှူးချုပ် Yuri Borisov သည် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသိန်းကျော်နှင့်တွေ့ဆုံပြီး လေကြောင်း နှင့် အာကာသနယ်ပယ်ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ကျော့ပြန်တိုက်ပွဲနှင့် ကော့ကရိတ်မြို့မြင်ကွင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မြို့တွင်းပိတ်မိနေသူများရှိနေကြောင်းနှင့် အစားအသောက် ရှားပါးလာကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ "တစ်မြို့လုံး ပိတ်မိနေလို့အစားအသောက်ခက်ခဲ ရှားပါးလာပါတယ်"ဟု ‌၎င်းက ဆိုသည်။ ဧပြီလ (၁၅) ရက်၌ စတင်ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့အနီး တစ်ကျော့ပြန်တိုက်ပွဲများကြောင့် အနီးပတ်ဝန်ကျင်ကျေးရွာဒေသခံ ထွက်ပြေးတိမ်းရှောင်နေရသည့်အခြေအနေမျိုးလည်းကြုံတွေ့နေရသည်။ ဓာတ်ပုံ - ယနေ့ ဧပြီ (၂၁)ရက် နံနက်ပိုင်း ကော့ကရိတ်မြို့မြင်ကွင်း ပုံရိပ်အချို့ (Photo - Saw Chaint Phaung)

ရခိုင်ယူနိုက်တက်အသင်းကို Glory Sport က (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်

ရခိုင်ယူနိုက်တက်အသင်းနှင့် ယူ -၂၁ လူ ငယ်အသင်းအတွ က် Glory Sport အား ကစားဝတ်စုံလုပ်ငန်းက (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်ခဲ့ကြောင်း အသင်းက အသိပေးထုတ်ပြန်ထားသည်။ ထိုသို့ ပေးအပ်ရာ၌ ယခု ၂၀၂၅ ခုနှစ်ဘောလုံးရာသီမှ ၂၀၂ ၇ ခုနှစ် ဘောလုံးရာသီအထိ ပေးအပ်ခြင်းဖြစ်‌ကြောင်းသိရသည်။ ရခိုင်ယူနိုက်တက်အသင်းအနေဖြင့်လာမည့် ဧပြီလ (၂၉) ရ က်၌ စတင်ကျင်းပမည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ MNL League Cup ပြိုင်ပွဲတွင် Glory Sports ၏ Customized Jersey...

နိုင်ငံတကာသတ်မှတ် SOP အတိုင်းဆောက်လုပ်ခဲ့သည့် Naypyitaw State Academy ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိပြီး ဇွန်လကျောင်းဖွင့်ချိန်အမှီ ပြုပြင်မည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး(၇)အထိခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့သော နေပြည်တော်ရှိ Naypyitaw State Academy တွင်ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ထိခိုက်ပျက်စီးမှုအနည်းငယ်အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဧပြီ ၂၀ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နစက ဒု-ဥက္ကဋ္ဌမှ ဘွဲ့လွန်နှင့်အုပ်ချုပ်မှုဆိုင်ရာ ပင်မဆောင်၊ ဆေးပညာသင်ကြားရေးဆောင်၊ စီးပွားရေးပညာသင်ကြားရေးဆောင်၊ ဝိဇ္ဇာနှင့်သိပ္ပံ ပညာ သင်ကြားရေးဆောင်(၂)ဆောင်နှင့် စီးပွားရေးနှင့်လူမှုရေးပညာသင်ကြားရေးဆောင်တို့၏ ထိခိုက်ပျက်စီးမှုများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ပင်မ Column တိုင်နှင့် Beam...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071