မော်စကို၊မေ ၂၄
ရုရှားနှင့်ယူကရိန်းတို့သည် အစ္စတန်ဘူလ်၌ မကြာသေးမီကပြုလုပ်ခဲ့သည့်သဘောတူညီချက်အရ အကျဉ်းသား ၃၉၀ ဦးစီကို လဲလှယ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ရုရှားစစ်တပ်မှ စစ်မှုထမ်း ၂၇၀ နှင့် အရပ်သား ၁၂၀ တို့သည် ကိဗ်ထိန်းချုပ်နယ်မြေမှ ပြန်လည်ရောက်ရှိလာကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့ပြီးအပြန်အလှန်အားဖြင့် ယူကရိန်းအကျဉ်းသား ၂၇၀ နှင့် အရပ်သား ၁၂၀ ကိုလည်း လွှတ်ပေးခဲ့ကြောင်း ၎င်းကထပ်လေ-ာင်းပြောကြားခဲ့သည်။
လွတ်မြောက်လာသည့်ရုရှားအကျဉ်းသားများသည်ဘီလာရုစ်သမ္မတနိုင်ငံ၏ ပိုင်နက်တွင်ရှိနေပြီး လိုအပ်သလို စိတ်ပိုင်းဆိုင်ရာနှင့်ဆေးဝါးအကူအညီများလုပ်ပေးလျက်ရှိသည်ဟုလည်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“ရုရှားဖက်က စတင်လိုက်တဲ့ အကြီးစားအကျဥ်းသားလဲလှယ်မှုကို လာမယ့်ရက်တွေမှာ ဆက်လက်လုပ်ဆောင်ဖို့စီစဉ်ထားပါတယ်” ဟုလည်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
ပြီးခဲ့သည့်သီတင်းပတ်က အစ္စတန်ဘူလ်၌နှစ်ဘက်တို-က်ရို-က်ညှိနှိုင်းမှုအပြီးတွင် ရုရှားနှင့်ယူကရိန်းတို့သည် အကျဉ်းသား ၁,၀၀၀ စီလဲလှယ်ရန် သဘောတူခဲ့ကြပြီး ပဋိပက္ခစတင်ခဲ့သည့် ၂၀၂၂ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးအကျဉ်းသားလဲလှယ်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
Source : ရှင်းဟွာ
