ဝါရှင်တန်၊ဒီဇင်ဘာ ၂၂
ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီးက ၎င်းအနေဖြင့် ရုရှားနှင့်ငြိမ်းချမ်းရေးစကားပြောရမည်ဆိုလျှင်ပင်အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပေးအယူလုပ်မည်မဟုတ်ဟု ဒီဇင်ဘာလ ၂၁ ရက်နေ့ကပြောကြားခဲ့သည်။
၎င်းအနေဖြင့်မူ အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲမှုအား အထိခိုက်မခံဘဲ ရုရှားကြောင့်ပျက်စီးသွားရသည့် ယူကရိန်း၏ပျက်စီးဆုံးရှုံးမှုအားလုံးကိုလည်း အရပြန်ယူပေးမည်ဟုပြောကြားခဲ့သည်။
“ဒီစစ်ပွဲအတွင်းမှာ မိဘဘယ်နှဦးလောက်သူတို့သားသမီးတွေဆုံးရှုံးပြီးပြီလဲ၊အဲ့လိုဆုံးရှုံးထားရတဲ့မိဘတွေအတွက် ငြိမ်းချမ်းရေးဆိုတဲ့စကားကဘာအသုံးဝင်မှာလဲ၊ငွေဆိုတာအလကား၊လျော်ကြေးဆိုတာလဲအသုံးမဝင်တာမို့ လက်တုံ့ပြန်ခြင်းကပဲအကောင်းဆုံးပါ” ဟုသမ္မတဇလန်းစကီးကပြောကြားခဲ့သည်။
အလားတူပင်သမ္မတဘိုင်ဒင်ကလည်း ၎င်းအနေဖြင့်သမ္မတဇလန်းစကီးနှင့်အတူရပ်တည်ကာ လွတ်လပ်သာယာဝပြောပြီး လုံခြုံသောယူကရိန်းနိုင်ငံဖြစ်လာစေရန် မျှော်လင့်သည်ဟုလည်းပြောကြားခဲ့သည်။
ယူကရိန်းနှင့်အမေရိကအနေဖြင့် ယခုပဋိပက္ခအား အမြန်ဆုံးပြေလည်စေလိုပြီး ယင်းသို့ပြေလည်ရန်ကလည်း ရုရှားအနေဖြင့် ၎င်း၏တပ်များအား ယူကရိန်းမှပြန်ဆုတ်သွားခိုင်းမှသာ ဆွေးနွေးရန်အဆင်ပြေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ခရင်မလင်အနေဖြင့်မူ ယူကရိန်းနှင့်ဆွေးနွေးလိုခြင်းမရှိဘဲ အထူးစစ်ဆင်ရေးကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းဖော်ပြခဲ့သည်။
Source : Reuters