Monday, January 20, 2025

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန်...

မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို...

တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ အုပ်စုအဆင့်ဗိုလ်လုပွဲ သရေရလဒ်ထွက်ပေါ်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့်ဗိုလ်လုပွဲကို ယနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ(၂)နာရီ ၌...

အင်းစိန် ကွယ်ကဘောဆေးရုံတည်ထောင်သူ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်...

အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံကို တည်ထောင်ခဲ့သူ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာသည် ဇန်နဝါရီလ (၁၈) ရက် ညပိုင်းက...

အီရန်ကမြေအောက်ရေတပ်စခန်းကို ထုတ်ဖော်ပြသ

တေရန်၊ဇန်နဝါရီ ၁၉ အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ရေတပ်သည် တိုက်ခိုက်ရေးရေယာဉ်များ အများအပြားထားရှိနိုင်သော မြေအောက်‌ေရတပ်အခြေစိုက်စခန်းတစ်ခုကို ထုတ်ဖော်ပြသလိုက်ကြောင်း IRGC ၏ တရားဝင်သတင်းထုတ်ပြန်ချက် Sepah...
HomeInternationalရုရှားနိုင်ငံ အလယ်ပိုင်းရှိ ရထားဘူတာရုံတစ်ရုံ၏...

ရုရှားနိုင်ငံ အလယ်ပိုင်းရှိ ရထားဘူတာရုံတစ်ရုံ၏ ခေါင်မိုးပေါ်သို့ ဒရုန်းယာဉ်တစ်စင်း ပျက်ကျ

ရုရှားနိုင်ငံအလယ်ပိုင်း Kursk မြို့ရှိ မီးရထားဘူတာရုံတစ်ခု၏ ခေါင်မိုးပေါ်သို့ ယူကရိန်းဒရုန်းတစ်စီး ပျက်ကျခဲ့ရာ လူငါးဦး ဒဏ်ရာရရှိခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း Kursk ဒေသအုပ်ချုပ်ရေးမှူး Roman Starovoit က ပြောကြားခဲ့သည်။

“ယူကရိန်းမောင်းသူမဲ့လေယာဉ်က Kursk ကို တိုက်ခိုက်ခဲ့တာပါ။ ပဏာမအချက်အလက်တွေအရ ရထားဘူတာရုံ ခေါင်မိုးပေါ်ကို ပျက်ကျခဲ့ပြီး ခေါင်မိုးပေါ်မှာ မီးလောင်သွားပါတယ်။လူငါးဦးကတော့ မှန်စတွေရှတာကြောင့် အနည်းငယ် ဒဏ်ရာရခဲ့ပါတယ်”ဟု သူက Telegram ချယ်နယ်တွင် ပြောကြားခဲ့သည်။

ဖြစ်စဉ်အသေးစိတ်အား စစ်ဆေးလျက်ရှိကြောင်း Kursk ဒေသအုပ်ချုပ်ရေးမှူး Roman Starovoit ထံမှ သိရသည်။ အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးနှင့် ကူညီရေးအဖွဲ့များ ချက်ခြင်းဆိုသလိုပင် ရောက်လာခဲ့ကြောင်းသိရသည်။

အဆိုပါ ရထားဘူတာသည် ယူကရိန်းနယ်စပ်နှင့် ကီလိုမီတာ ၁၅၀ ခန့်အကွာရှိ Kursk မြို့လယ်တွင် တည်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို (၂)ရက်တာ ကျင်းပ

မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို (၂)ရက်တာ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ၂ဝ၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို ယမန်နေ့ ဇန်နဝါရီ (၁၈) ရက် နံနက်ပိုင်းက The Eravati Sule Grand Yangon Hotel ၌ ကျင်းပခဲ့ရာ ဖွင့်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အခမ်းအနားတက်ရောက်လာကြသူများက ခန်းမအတွင်းပြသထားသော...

တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ အုပ်စုအဆင့်ဗိုလ်လုပွဲ သရေရလဒ်ထွက်ပေါ်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့်ဗိုလ်လုပွဲကို ယနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ(၂)နာရီ ၌ တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၂) ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ပထမပိုင်းပွဲချိန်အတွင်း (၂)ဂိုး(၁) ဂိုးဖြင့် တရုတ်(တိုင်ပေ) အသင်းက ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်း ပွဲချိန်အတွင်း ဗီယက်နမ်အသင်းက ချေပဂိုး(၁)ဂိုးသွင်းယူ၍ သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ တရုတ်(တိုင်ပေ)အသင်းသည် အုပ်စုအဖွင့်ပွဲစဥ်၌ မကာအိုအသင်းကို (၁၈)ဂိုး ပြန်ဖြင့် သွင်းယူထားနိုင်ပြီး၊ ဗီယက်နမ်အသင်းသည် မြန်မာအသင်းကို (၅)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိထားသည်။ ထို့အတူ...

အင်းစိန် ကွယ်ကဘောဆေးရုံတည်ထောင်သူ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာ ကွယ်လွန်

အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံကို တည်ထောင်ခဲ့သူ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာသည် ဇန်နဝါရီလ (၁၈) ရက် ညပိုင်းက အမေရိကန်ပြည်ထောင်စု ၊ မေရီလန်းပြည်နယ်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ဒေါက်တာဆိုင်မွန်သာသည် လွန်ခဲ့သည့် ၂၀၀၂ -၂၀၀၃ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် တပ်မတော်အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်းပေးခဲ့ဖူးသူဖြစ်သလို အမျိုးသားညီလာခံသို့ တက်ရောက်ခွင့်ရခဲ့သူလည်း ဖြစ်သည်။ ဒေါက်တာဆိုင်မွန်သာသည် ကွန်လွန်ချိန်တွင် အသက် (၈၃) နှစ်ရှိပြီဖြစ်ပြီး သင်္သာတမြို့တွင် မွေးဖွားခဲ့သူဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071