ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်မြို့တည်ထောင်သည့်(၁၃၂) နှစ်ပြည့်အခမ်းအနားအား ယနေ့ ဇွန် ၂၈ ရက်နှင့် ၂၉ ရက်တို့ကကျင်းပလျက်ရှိရာ နိုဗိုစီဗစ်မြို့၏ ညီအစ်မမြညီအစ်မမြို့တော်ဖြစ်သော မန္တလေးမြို့၏ မန္တ လေးမြို့တော်ဝန်ဦးကျော်ဆန်းနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်လျက်ရှိသည်။
ထို့ပြင် နိုဗိုစီဗစ်မြို့တည်ထောင်သည့် (၁၃၂)နှစ်ပြည့် City Day သို့တက်ရောက်ရန်ရောက်ရှိလာသည့် ပြည်တွင်း၊ ပြည်ပကိုယ်စားလှယ်အဖွဲ့များနှင့် နိုဗိုစီဗစ်မြို့တော်ဝန် Mr. Maksim Kudryavtsev တို့ သည် ယနေ့ ဇွန် ၂၈ ရက်နေ့လည် ၁ နာရီက နိုဗိုစီဗစ်မြို့တော်ခန်းမ၌တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ မန္တလေးမြို့တော်ဝန်ဦးကျော်ဆန်းမှ မိန့်ခွန်းပြောကြားခဲ့ကာ နိုဗိုစီဗစ်မြို့ တော်ဝန်နှင့် လက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ကြသည်။
မန္တလေးမြို့နှင့် နိုဗိုစီဗစ်မြို့တို့သည် ညီအစ်မမြို့ တော်အဖြစ်တည်ထောင်ခြင်း နားလည်မှု့စာချွန်လွှာအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်ကလက်မှတ်ရေးထိုးခဲ့ကြပြီး နိုဗိုစီဗစ်နှင့် မန္တလေးမြို့တို့ကြားအပြန်အလှန်ဖလှယ်မှု့များနှင့် ပူးပေါင်ဆောင်ရွက်မှု့များပြုလုပ်ရန်ဆွေးနွေးထားရှိပြီးဖြစ်သည်။