မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး Online လိမ်လည်မှုနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသ
ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သော ပြည်ပနိုင်ငံသားများအ နက် ရုရှားနိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၁၀)ဦးကို ယနေ့ အောက်တိုဘာ ၇ ရက်က သက်ဆိုင် ရာနိုင်ငံများသို့ ထပ်မံပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ရှာရှားနိုင်ငံသား(၁)ဦး၊ တောင်အာဖရိကနိုင်ငံသား(၆) ဦး၊ မလေးရှားနိုင်ငံသား(၃)ဦးတို့အား မြန်မာ-ထိုင်းအ မှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှတာဝန်ရှိသူများက ထိုင်းနိုင်ငံဆိုင်ရာ သံရုံးများဖြစ်သည့် ရုရှားနိုင်ငံ၊ တောင်အာဖရိကနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှတာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲ ပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာ တမ်းများကိုစနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ အောက်တိုဘာ ၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၉,၄၃၉)ဦးစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်(၉,၃၃၇)ဦးကို ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကာ ကျန်ရှိသည့် ပြည်ပနိုင် ငံသား(၁၀၂)ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲ ပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
