ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဦးဝဏ္ဏမောင်လွင်အပါအဝင် မြန်မာနိုင်ငံခေါင်းဆောင်ပိုင်းအချို့တွေ့ဆုံမည်
နေပြည်တော်၊ဩဂုတ် ၃
ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလားရော့ဗ်သည် ၎င်း၏အလုပ်သဘောဆွေးနွေးမှုအတွက် ယနေ့ဗုဒ္ဓဟူးနေ့မနက်တွင် မြန်မာနိုင်ငံနေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း TASS သတင်းဌာန၌ဖော်ပြထားသည်။
ယခုခရီးစဉ်တွင် ရုရှား၏ထိပ်တန်းသံတမန်တစ်ဦးဖြစ်သည့် မစ္စတာဆာဂေးလားရော့ဗ်သည် မြန်မာနိုင်ငံ၏ထိပ်တန်းသံတမန်တစ်ဦးဖြစ်သူ ဦးဝဏ္ဏမောင်လွင်အပါအဝင် မြန်မာနိုင်ငံခေါင်းဆောင်ပိုင်းအချို့ နှင့်ပါ တွေ့ဆုံရန် စီစဉ်ထားကြောင်းသိရှိရသည်။
ထို့နောက် လားရော့ဗ်သည် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး၊ဖနွမ်းပင်၌ ရုရှား-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပါဝင်တက်ရောက်မည်ဖြစ်ကာ နှစ်နိုင်ငံအစည်းအဝေးများ ကျင်းပမည်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။
Source – TASS