ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်က ရုရှားနိုင် ငံအခြေစိုက် Yi Ling Tourism ကုမ္ပဏီမှ Commercial Director ဖြစ်သူ Mr. Kosinkov Evgeny နှင့်တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ရုရှားနိုင်ငံအခြေစိုက် Yi Ling Tourism Co.,Ltd မှ Commercial Director ဖြစ်သူ Mr.Kosinkov Evgeny အား ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဥ် လေကြောင်းလိုင်းပျံသန်းပြေးဆွဲမှုအနေဖြင့် ယ ခင်အီတလီလေကြောင်းက မီလန်မြို့မှခရီးသည်များအား မြန်မာနိုင်ငံတွင်တစ်ထောက်နား၍ ဖူးခက်သို့ပျံသန်းသည့် သာဓကများရှိသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြော သည်။
လက်ရှိအချိန်၌ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေ ကြောင်းမှခရီးစဉ်များစီစဉ်လျက်ရှိကာ ခရီးသွားအာမခံကြေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းပေးသွားမည်ဖြစ်ပြီး ရုရှားခရီးသွားများလာရောက်ပါက ၎င်းတို့၏ငွေကြေးသုံးစွဲမှု အဆင်ပြေစေရေးဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုတိုးမြင့်လာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းပူး ပေါင်းဆောင်ရွက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကာ လိုအပ်သည်များကို ညှိနှိုင်းပေးသွားမည်ဟု ပြောသည်။
ထို့အတူ Mr.Kosinkov Evgeny ကလည်း ရုရှားခလရီးသည်များအနေဖြင့် နိုင်ငံတကာတွင် အကျုံး ဝင်သည့် အာမခံဝယ်ယူ၍ ခရီးသွားလျက်ရှိပြီး မြန်မာနိုင်ငံတွင် အာမခံထပ်မံရယူရခြင်းအား ဖြေ လျှော့ပေးစေလိုသည်ဟု ဆွေးနွေးတင်ပြခဲ့သည်။
ရုရှားခရီးသွားဧည့်သည်များအတွက် လေ ကြောင်းလိုင်းများပျံသန်းပြေးဆွဲရန် အပြည်ပြည် ဆိုင်ရာမြန်မာ့လေကြောင်းနှင့်ဆွေးနွေးဆောင် ရွက်လျက်ရှိကာ ခရီးသည်များငွေကြေးလွှဲပို့သုံးစွဲမှု လွယ်ကူအဆင်ပြေစေရန် ဆောင်ရွက်ပေးနိုင်ပါက ခရီးသည်များပိုမိုလာရောက်ရေး ဖိတ်ခေါ်နိုင်မည်ဟု ဆွေးနွေးတင်ပြခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များ၊ဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
