ရုရှားနိုင်ငံသည် လကမ္ဘာစူးစမ်းလေ့လာရေး ရေရှည်အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ၂၀၃၆ ခုနှစ်ကို နောက်ဆုံးထား၍ လကမ္ဘာဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်သွားရန် စီမံကိန်းရေးဆွဲနေကြောင်း ရုရှားအကာသအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံတော် အာကာသကော်ပိုရေးရှင်း ရော့စ်ကော့စ်မော့စ်သည် ဒီဇင်ဘာလမှ ၂၀၃၆ ခုနှစ် ရို နောက်ဆုံးထား၍ အဆိုပါ စီမံကိန်းကို လုပ်ဆောင်ရန်အတွက် ဒီဇင်ဘာလတွင် ရုရှားအာကာသလုပ်ငန်း လာဗော့ကင်အဖွဲ့ နှင့် ပဋိဉာည်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
လကမ္ဘာဓာတ်အားပေးစက်ရုံသည် လပတ်ယာဉ်များ၊ နက္ခတ်တာရာကြည့်စခန်းများအပါအဝင် ရုရှား၏ လကမ္ဘာအစီအစဉ်အတွက် ရေရှည်စွမ်းအင်ထောက်ပံ့ပေးမည်ဖြစ်သကဲ့သို့ နိုင်ငံခြားမိတ်ဖက်များ၏ အဆောက်အအုံများအပါအဝင် နိုင်ငံတကာလသုတေသနစခန်း၏ အခြေခံအဆောက်အဦများအတွက်လည်း ပံ့ပိုးပေးမည်ဖြစ်သည်။
စီမံကိန်းတစ်ခုလုံးတွင် အာကာသယာဉ် ဖွံ့ဖြိုးတိုးတက်ရေး၊ မြေပြင်စမ်းသပ်ခြင်း၊ ပျံသန်းမှုစမ်းသပ်ခြင်းများနှင့် လပေါ်တွင် အခြေခံအဆောက်အဦများ ဖြန့်ကျက်တည်ဆောက်ခြင်းတို့ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ရော့စ်ကော့စ်မော့စ် ၏ အဆိုအရ စီမံကိန်းသည် အမြဲတမ်းလုပ်ငန်းလည်ပတ်နေသော လကမ္ဘာသိပ္ပံစခန်းတစ်ခုတည်ထောင်ရေးအတွက် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်ပြီး တစ်ကြိမ်သာလွှတ်တင်ေသာမစ်ရှင်များမှသည် ရေရှည်လကမ္ဘာသုတေသနာအစီအစဉ်သို့ ကူးပြောင်းသည့် အရေးပါသော ခြေတလှမ်းဖြစ်လိမ့်မည်ဟု ဆိုသည်။
Ref: ရှင်းဟွာ
