Saturday, July 12, 2025

အပူပိုင်းဒေသ (၁၃)ခရိုင်အတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတွင် သစ်ပင်...

နိုင်ငံတော်အဆင့် ပထမအကြိမ်အဖြစ်အပူပိုင်းဒေသ(၁၃)ခရိုင်မှ မြို့နယ်(၂၉)မြို့နယ် တွင် ယနေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက တစ်ပြိုင်တည်းပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်ပေါင်း(၃၄,၉၅ဝ)ပင်ကို...

မိတ္ထီလာတွင် တပ်မတော်နှင့်နိုင်ငံပိုင်စက်ရုံများလည်ပတ်လျက်ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)နှင့် အမှတ် (၃)ဘိလပ်မြေစက်ရုံ(တန် ၁၂ဝဝ)တို့လည်း လည် ပတ်လုပ်ကိုင်လျက်ရှိရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ...

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ဝါဆိုဦးအလှူ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းနှင့် စာသင်တိုက်များအတွက် ဗလာစာအုပ်နှင့်လှူဖွယ်ဝတ္ထုများကို ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့က လှူဒါန်းခဲ့ကြသည်။ ဇူလိုင် ၁၀ ရက်နံနက်...

မော်လိုက်တွင် မြေနိမ့်ပိုင်း‌ရပ်ကွက်များအတွင်း မြစ်ရေများဝင်ရောက်လျက်ရှိ

ချင်းတွင်းမြစ် အထက်ပိုင်း၌ မိုးများနေသည့်အတွက် မြစ်တလျောက် ရေကြီးရေလျံလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင်လည်း မြေနိမ့်ပိုင်း‌များတွင် မြစ်ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် မော်လိုက်မြို့နယ် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများ...
HomeInternationalရုရှားက ယူကရိန်းနျူစွမ်းအင်ကုမ္ပဏီ ဝဘ်ဆိုက်အားတိုက်ခိုက်ခဲ့ဟုယူကရိန်းဆို

ရုရှားက ယူကရိန်းနျူစွမ်းအင်ကုမ္ပဏီ ဝဘ်ဆိုက်အားတိုက်ခိုက်ခဲ့ဟုယူကရိန်းဆို

ရုရှားက ယူကရိန်းနျူစွမ်းအင်ကုမ္ပဏီ ဝဘ်ဆိုက်အားတိုက်ခိုက်ခဲ့ဟုယူကရိန်းဆို

ယူကရိန်းနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီ Energoatom အား ရုရှားအခြေစိုက် ဟက်ကာများက ၎င်း၏၀က်ဘ်ဆိုက်တွင် သုံးနာရီကြာ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော်လည်း ကြီးကြီးမားမားပြဿနာများ မဖြစ်ပွားခဲ့ကြောင်း ကုမ္ပဏီကပြောကြားခဲ့သည်။

“ရုရှားအဖွဲ့ ‘People’s Cyber ​​Army’ သည် ကုမ္ပဏီ၏ ပင်မစာမျက်နှာကို ကြည့်ရှုမှုပေါင်း သန်းရာနှင့်ချီသော bot အသုံးပြုသူ ၇ ဒသမ ၂၅ သန်းကိုအသုံးပြု၍ ဆိုက်ဘာတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း Energoatom က အင်္ဂါနေ့ကထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုသည် Energoatom ဝဘ်ဆိုဒ်၏ လုပ်ငန်းဆောင်တာများကို သိသိသာသာ ထိခိုက်စေခြင်းမရှိဟု ကုမ္ပဏီကဆိုခဲ့သည်။

ရုရှား၏ နာမည်ကြီးဆိုက်ဘာအုပ်စုသည် ဝက်ဘ်ဆိုဒ်ကို သုံးနာရီကြာ တိုက်ခိုက်ရန် ဘော့တ်များကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့ပြီး တိုက်ခိုက်မှုသည် Energoatom ဝဘ်ဆိုက်၏ လုပ်ငန်းအပေါ်တော့ သိသိသာသာ သက်ရောက်မှု မရှိခဲ့ကြောင်း သိရှိရသည်။

ရုရှားမှ “popular cyberarmy” ဟုအမည်ပေးထားသော Telegram ချန်နယ်တစ်ခုသည် ၎င်း၏‌ဖော်လိုဝါများအား ယူကရိန်းနျူကလီးယားအော်ပရေတာ၏ ဝဘ်ဆိုက်ကိုတိုက်ခိုက်ရန် လည်းတောင်းဆိုခဲ့သည်။

သို့သော် အင်္ဂါနေ့ညနေပိုင်းတွင် ၎င်းသည် အစီအစဉ်ပြောင်းကာ ဖော်လိုဝါများအား ယူကရိန်းနိုင်ငံ‌ေတာ်အမှတ်တရအထိမ်းအမှတ်တက္ကသိုလ်ကို ပစ်မှတ်အသစ်တစ်ခုအဖြစ်တိုက်ခိုက်ရန် ပြန်ညွှန်းပေးခဲ့သည်။

မတ်လတွင် ရုရှားတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သော နိုင်ငံတောင်ပိုင်းရှိ Zaporizhzhia နျူဓာတ်အားပေးစက်ရုံနှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ဆိုက်ဘာတိုက်ခိုက်မှုဖြစ်‌ေပါ်ခြင်း ဖြစ်သည်။

ရုရှားနှင့်ယူကရိန်းတို့သည် ဥရောပ၏ အကြီးဆုံး နျူကလီးယားစက်ရုံကို ပစ်ခတ်မှုအား အပြန်အလှန်စွပ်စွဲကာ နျူကလီးယား မတော်တဆမှုဖြစ်မည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ယူကရိန်းသည် ဖေဖော်ဝါရီ ၂၄ ရက်က ၎င်း၏နိုင်ငံသို့ ရုရှားကမကျူးကျော်မီနိုင်ငံ၏လျှပ်စစ်ဓာတ်အား ထက်ဝက်ခန့်ကို ထောက်ပံ့ပေးရန် နျူကလီးယားဓာတ်အားပေးစက်ရုံ လေးရုံကိုအားထား‌ေနခဲ့သည်။

ယူကရိန်းနိုင်ငံသည် ၁၉၈၆ ခုနှစ်တွင် ချာနိုဘိုင်း ဓာတ်အားပေးစက်ရုံ၏ နံပါတ်လေး ဓာတ်ပေါင်းဖိုပေါက်ကွဲခဲ့စဉ်က ကမ္ဘာ့အဆိုးရွားဆုံး နျူကလီးယားမတော်တဆမှု ဖြစ်ပွားရာ နေရာဖြစ်ခဲ့သည်။ဓာတ်အားပေးစက်ရုံ၏ အခြားဓာတ်ပေါင်းဖိုသုံးလုံးကိုလည်း ဆက်တိုက်ပိတ်ခဲ့ပြီး ၂၀၀၀ပြည့်နှစ်တွင် နောက်ဆုံးပိတ်သွားခဲ့ခြင်းဖြစ်သည်။

ရုရှားတပ်များသည် ကျူးကျော်မှု ပထမနေ့တွင် ချာနိုဘိုင်းစက်ရုံကို သိမ်းပိုက်ခဲ့သည်။

Source – Aljazeera

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အပူပိုင်းဒေသ (၁၃)ခရိုင်အတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတွင် သစ်ပင် ၃သာင်းခွဲခန့် စိုက်ပျိုး

နိုင်ငံတော်အဆင့် ပထမအကြိမ်အဖြစ်အပူပိုင်းဒေသ(၁၃)ခရိုင်မှ မြို့နယ်(၂၉)မြို့နယ် တွင် ယနေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက တစ်ပြိုင်တည်းပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်ပေါင်း(၃၄,၉၅ဝ)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့၌ကျင်းပရာ နစက ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ လိန်တောကြိုးပြင်ကာကွယ်တောတွင်ပါဝင် စိုက်ပျိုးပေးခဲ့သည်။ နစက ဥက္ကဋ္ဌမှ မိတ္ထီလာဒေသအပါအဝင် အညာဒေ သ(၁၃)ခရိုင်သည် နှစ်စဉ်နှစ်တိုင်းရာသီဥတုပူပြင်းသည့်ဒဏ်ကိုခံစားကြရကာ ၂၀၂၄ ခုနှစ်တွင် ပုဂံ၊ ချောက်၊ ရေနံချောင်း၊ မင်းဘူးဒေသများမှာ ကမ္ဘာတွင်အပူဆုံးဒေသများအဖြစ်...

မိတ္ထီလာတွင် တပ်မတော်နှင့်နိုင်ငံပိုင်စက်ရုံများလည်ပတ်လျက်ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)နှင့် အမှတ် (၃)ဘိလပ်မြေစက်ရုံ(တန် ၁၂ဝဝ)တို့လည်း လည် ပတ်လုပ်ကိုင်လျက်ရှိရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ) စက်ရုံတွင် ချည်အမျိုးမျိုး၊ အထည်နှင့် ချုပ်ထည်အမျိုးမျိုး၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက်လိုအပ်သည့်ဝတ်စုံများ၊ ကျောင်းဝတ်စုံများ၊ နေ့စဉ်သုံးချည်ထည်ပစ္စည်းများကိုထုတ်လုပ် ပေးလျက်ရှိသည်။ နစက ဥက္ကဋ္ဌမှ ချည်ထည်များထုတ်လုပ်ရာတွင် အရေအတွက်ထက် အရည်အသွေးကို ပိုမိုဦးစားပေးရန်၊ ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် SMEလုပ်ငန်းများ၌လိုအပ်သော ချည်မျှင်နှင့်...

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ဝါဆိုဦးအလှူ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းနှင့် စာသင်တိုက်များအတွက် ဗလာစာအုပ်နှင့်လှူဖွယ်ဝတ္ထုများကို ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့က လှူဒါန်းခဲ့ကြသည်။ ဇူလိုင် ၁၀ ရက်နံနက် ၉ နာရီက မြန်မာ-တရုတ်ချစ် ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အလှူ ရှင်များမှ သံလျင်မြို့၊ ဆုထူးပန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းနှင့် ဝါဆိုဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပညာရေးပ ဒေသာပင်အတွက် အလှူငွေများ၊ ကျောင်းသား၊ ကျောင်းသူ(၅၂၅)ဦးအတွက် ဗလာစာအုပ်(၅၂၅) ဒါဇင်တို့ကိုလည်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့အတူ ဇူလိုင် ၁၀ ရက်နေ့လည်ပိုင်းတွင်လည်း ရန် ကုန်တိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071