Wednesday, January 21, 2026

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ...

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင်...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...
HomeInternationalရုရှားက နျူထိပ်ဖူးတပ်နိုင်သောဒုံးကျည်များ ဖြန့်ကျက်မှု...

ရုရှားက နျူထိပ်ဖူးတပ်နိုင်သောဒုံးကျည်များ ဖြန့်ကျက်မှု ဘီလာရုစ် ထုတ်ဖော်ပြသ

ဘီလာရုစ်နိုင်ငံသည် ၎င်း၏ နယ်မြေတွင် ရုရှား၏ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော Oreshnik ဟိုက်ပါဆောနစ်ဒုံးကျည်စနစ်ကို ဖြန့်ကျက်ထားသည်ဆိုသော ဗီဒီယိုဖိုင်ကို အင်္ဂါနေ့တွင် ထုတ်လွှင့်ပြသခဲ့သည်။ အဆိုပါ ဒုံးကျည်စနစ်ဖြန့်ကျက်မှုသည် မော်စကို၏ ဥရောပတစ်လွှားသို့ ဒုံးကျည်များ ပစ်လွှတ်နိုင်စွမ်းကို မြှင့်တင်ပေးသည့်စနစ်တစ်ခုဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ခိုင်မာသောမဟာမိတ်တစ်ဦးဖြစ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်အစိုးရနှင့်လည်း ဆွေးနွေးမှုများစလုပ်လာသည့် ဘီလာရုစ်သမ္မတ အလက်ဇန်းဒါ လူကာရှန်ကိုက တာလတ်ပစ်ပဲ့ထိန်းဒုံးစနစ်ကို ဖြန့်ကျက်သွားမည်ဟု ယခုလအစောပိုင်းတွင် ကြေညာထားသည်။

စစ်ဖြစ်လာလျှင် ရုရှားနျူကလီးယားဒုံးကျည်များ ကို ဥရောပသို့ အနည်းငယ်ပိုမိုလျင်မြန်စွာရောက်ရှိစေနိုင်သည့် ယခုဖြန့်ကျက်မှုသည် ရုရှားအတွင်းပိုင်းအထိ ရောက်ရှိနိုင်သော လက်နက်များကို နေတိုးအဖွဲ့က ကိဗ်ထံ မပေးအပ်စေရေး အဟန့်အတားအဖြစ် နျူကလီးယားလက်နက်ခြိမ်းခြောက်မှုကို ခရမ္မလင်က ပို၍တိုးလုပ်လာသည်ကို ပေါ်လွင်စေကြောင်း အနောက်တိုင်း ကျွမ်းကျင်သူအချို့က ပြောကြားခဲ့သည်။

ဂြိုဟ်တုပုံရိပ်များကို လေ့လာမှုအရ မော်စကိုသည် ဒုံးကျည်များနှင့် ရွေလျားပစ်လွှတ်စင်များကို ဘီလာရုစ်အရှေ့ပိုင်းရှိ လေတပ်စခန်းဟောင်းတစ်ခုတွင် ချထားဖွယ်ရှိကြောင်း အမေရိကန်သုတေသီနှစ်ဦးက ပြောကြားခဲ့သည်။

အင်္ဂါနေ့၌ ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ဗီဒီယိုတွင် ဒုံးစနစ်များ၏ တည်နေရာကို မဖော်ပြခဲ့သော်လည်း ရွေ့လျားပစ်လွှတ်စင်များနှင့် တပ်ဖွဲ့ဝင်များသည် တောလမ်းများတလျှောက် မောင်းနှင်သွားလာလျက်ရှိကာ အထူးတပ်ဖွဲ့ဝင်များက လက်နက်စနစ်များကို ပိုက်ကွန်များဖြင့် ဖုံးကွယ်ထားသည်ကို ပြသထားသည်။

မော်စကိုသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် သမားရိုးကျထိပ်ဖူးတပ်ဆင်ထားသော Oreshnik ဒုံးကျည်ကို ယူကရိန်းရှိ ပစ်မှတ်တစ်ခုကို စမ်းသပ်ပစ်ခတ်ခဲ့သည်။ ဒုံးကျည်သည် အသံထက် ၁၀ဆ ကျော်မြန်သော အမြန်နှုန်းရှိသောကြောင့် ကြားဖြတ်ပစ်ချရန် မဖြစ်နိုင်ဟု ပူတင်က ဝံ့ကြွားထားခဲ့သည်။

Ref: အယ်လ်အာရေဗျအင်္ဂလိပ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံး ကျပ် (၁ဝဝဝဝ)ဖြင့်ရောင်းချပေး

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်ဝန်းအတွင်း၌ ရောင်းချပေးခဲ့သည်။ ယင်းသည် အကြွေး စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလှူရှင်များကလည်း သီလရှင်ဆရာလေးများအပါအဝင် တာမွေမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် အနှေးယာဉ်လုပ်သားများကို ဆန်၊ဆီ၊ဆား၊ ဟင်းသီးဟင်းရွက်များအပါအဝင် ပိုက်ဆံများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ဆန်၊ဆီ၊ကြက်ဥနှင့် ပဲ တို့ကို သက်သာသောဈေးနှုန်းဖြင့်တာမွေမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀ သို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်သည် ဇန်နဝါရီ...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071