တရုတ်သမ္မတရှီကျင့်ဖျင်၏ ခြောက်ရက်ကြာဥရောပခရီးစဉ်အစနေ့တွင် ပြင်သစ်သမ္မတအီမန်နူရယ်မက်ခရွန်နှင့်တွေ့ဆုံခဲ့ပြီး သမ္မတရှီက ရုရှားသို့လက်နက်မရောင်းရန် နှင့် ရုရှားစစ်ဘက်သို့ ကုန်ပစ္စည်းများစီးဆင်းမှုအား ထိန်းချုပ်မည်ဟုကတိပြုခဲ့သည့်အပေါ် လက်ခံကြိုဆိုပါကြောင်းပြင်သစ်သမ္မတက ေပြာကြားခဲ့သည်။
တရုတ်သမ္မတရှီသည် ငါးနှစ်တာကာလအတွင်း ပထမဆုံးသွားေရာက်သည့် ဥရောပခရီးစဉ်အတွင်း ပြင်သစ်ရောက်နေခြင်းဖြစ်ကာ ပြင်သစ်၌နှစ်ရက်နေပြီးပါက ဆားဘီးယားနှင့်ဟန်ဂေရီတို့သို့လည်း သွားရောက်မည်ဖြစ်ကြောင်းသိရသည်။
ယင်းနောက် သမ္မတရှီနှင့်သမ္မတအီမန်နူရယ်တို့သည် နှစ်နိုင်ငံအထိမ်းအမှတ်လက်ဆောင်များကို အပြန်အလှန်လဲလှယ်ခဲ့ကြသည်။ သမ္မတရှီသည် ပြင်သစ်သမ္မတအပြင် ဥရောပသမဂ္ဂဥက္ကဌ အူစလာဗွန်ဒီယိုနှင့်လည်းတွေ့ဆုံခဲ့သေးသည်။
ဥရောပသမဂ္ဂဥက္ကဌကမူ တရုတ်အနေဖြင့် ရုရှားသို့ စစ်လက်နက်ပစ္စည်းများအပါအဝင် နှစ်မျိုးသုံးတားမြစ်ပစ္စည်းများတင်ပို့ခြင်းကိုပါရပ်တန့်ရန် တရုတ်အားထပ်လောင်းအတည်ပြုပြောကြားခဲ့သည်ဟုလည်းသိရသည်။
Source : South China Morning Post