Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeNewsLocal Newsရုရှနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများ...

ရုရှနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများ မကြာမီ ရက်ပိုင်းအတွင်းရောက်ရှိမည်၊ ဈေးကွက်အတွင်း ဈေး နှုန်းချိုသာစွာဖြင့် ချက်ချင်း ရောင်းချမည်ဟုဆို

ရုရှနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများ မကြာမီ ရက်ပိုင်းအတွင်းရောက်ရှိမည်၊ ဈေးကွက်အတွင်း ဈေး နှုန်းချိုသာစွာဖြင့် ချက်ချင်း ရောင်းချမည်ဟုဆို

ရုရှနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများ မကြာမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ပြီး ဈေးကွက်အတွင်း ဈေးနှုန်းချိုသာစွာပြန်လည် ရောင်းချပေးသွားမည်ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါ် ပြူလာနယူး(စ်) သို့ ပြော သည်။

အစိုးရ၏ စက်သုံးဆီ တင်သွင်းနေမှုအခြေအနေနှင့်ပတ် သက်၍ သီးသန့် မေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” မကြာမီရက်ပိုင်းအတွင်း ရုရှနိုင်ငံကနေ ဆီတွေ ပထမအသုတ်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အစိုးရ ဌာနဆိုင်ရာတွေ သုံးစွဲမယ့်ဆီတွေရှိတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့က ဖြန့်ဝေပေးမယ်။ ဒါ့အပြင် ဈေးကွက်ထဲကိုလည်း ဖြန့်ဝေပါမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါ စက်သုံးဆီများကို သယ်ယူပို့ဆောင်ခစ ရိတ်အ ပါအဝင် ဆိပ်ကမ်းအရောက် ဈေးနှုန်း ချိုသာစွာ ဝယ်ယူရရှိခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ အဓိက သွင်းအားစုများထဲမှ တစ်ခုအပါ အဝင်ဖြစ်သည့် စက်သုံးဆီ ဈေးနှုန်း မြင့်မားမှုသည် အ ခြေခံစားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုကို တိုက်ရိုက်သက်ရောက်မှုရှိသည့်အတွက် စက်သုံးဆီဈေးနှုန်းကို ထိန်းချုပ်နိုင်ပါက အခြေခံစား သောက်ကုန် ဈေးနှုန်းများပါ ‌ကျဆင်းလာ နိုင်ကြောင်း ၎င်းကဆိုသည်။

” စက်သုံးဆီကတော့ အဓိကကျတာပေါ့။ စက်သုံးဆီက အဓိကကျတော့ ဈေးနှုန်း ကျဆင်းသွားတာနဲ့အမျှ အ ခြေခံ သားကုန် စားကုန်ပဲဖြစ်ဖြစ်၊ လယ်ယာထွက်ကုန်ပဲဖြစ်ဖြစ် စက်သုံးဆီအသုံးပြုပြီး ထုတ်လုပ်ရတာ၊ ပို့ဆော င်ရတာဖြစ်တဲ့အတွက် ဒီဈေးနှုန်းတွေလည်း ထိုက်သင့်တဲ့ ဈေးနှုန်းကို ပြန်လည်ကျဆင်းသွာမယ်လို့ ကျွန်တော်တို့ မျှော်မှန်းပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နိုင်ငံခြားငွေဈေးကွက်အတွ င်း ဈေးနှုန်းမြင့်တက်မှုများကြောင့် ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းအပြင် ဆန်ဈေး၊ စားသုံးဆီဈေးအပါ အ ဝင် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သည့်အတွက် အစိုးရက ဝင်ရောက်ထိန်းချုပ်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း နစက လက်အောက်ခံ ဗဟိုဘဏ်မှတဆင့် စက်သုံးဆီ တင်သွင်းသူများနှင့် စားသုံးဆီတင်သွင်းသူများအား ကန်ဒေါ်လာ သန်း ၂၀၀ ရျော် ထုတ်ချေးပေးရန် စီစဉ်ခဲ့ပြီး အဆိုပါ ချေးငွေရယူ၍ တင်သွင်းမည့် စက်သုံးဆီ တင်သွင်းသူများအနေဖြင့် ပြည်သူလူထုထံ အမြန်ဆုံး ဖြန့်ဖြူးရောင်းရချရမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ထို့အပြင် အစိုးရထံမှ ဒေါ်လာချေးယူတင်သွင်းသူများအ နေဖြင့် စက်သုံးဆီဈေးနှုန်းကို သယ်ယူပို့ဆောင်ခစရိတ် ကာမိရုံ သင့်တင့်သည့်အမြတ်သာတင်၍ ဈေးကွက်အ တွင်း ပြန်လည်ရောင်းချရမည် ဟုလည်း ဆိုသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071