ယနေ့ နိုဝင်ဘာ (၇)ရက်၌ ကျင်းပပြုလုပ်သည့် ONE FF 132 ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ စိုးနောင်ဦးက ထိုင်းဖိုက်တာကို ၂ ကြိမ် Knock down ရပြီး အနိုင်ရရှိခဲ့သည်။ ပရိတ်သတ်က အနိုင်ရလဒ်ရရန် အားခဲထားသည့် သန့်ဇင်မှာ ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ယနေ့ ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ စိုးနောင်ဦးမှာ မွေထိုင်းဖိုက်တာ မိုင်ဆန်နွမ်ကို (၃) ချီအပြည့်ထိုးသ-တ်ပြီးနောက် ဒိုင်ပေးမှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
သို့သော် ပရိတ်သတ်က အနိုင်ရလဒ်ရရန်အားခဲထားသည့် ရိုးရာဖိုက်တာသန့်ဇင်မှာ ပြိုင်ဘက် ထိုင်းဖိုက်တာ ခွန်ပုံနွိုင်းကို (၃) ချီပြည့် ယှဉ်ပြိုင်ထိုးသ-တ်နိုင်ခဲ့သော်လည်း ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ရပြန်သည်။
မြန်မာဖိုက်တာ သုံးဦးအထိ ပါဝင်လာသည့် ယနေ့ပွဲစဉ်တွင် မြန်မာပရိတ်သတ်များအကြား စိတ်ဝင်စားမှုမြင့်တတ်နေပြီး၊ ရိုးရာဖိုက်တာ သန့်ဇင်မှာ ထိုင်းဖိုက် ခွန်ပုံနွိုင်းနှင့် ပွဲစဉ် (၆) တွင် ထိုးသ-တ်ခဲ့ကာ စိုးနောင်ဦးမှာလည်း ထိုင်းဖိုက်တာဖြင့် ပွဲစဉ် (၄) တွင် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြခြင်းဖြစ်သည်။
ယနေ့ ဒုခေါင်တွဲဆိုင်းပွဲစဉ်တွင် ကယန်းတိုင်းရင်းသူ ဘရော်နီကာနှင့် တရုတ်ဖိုက်တာ Li Min grui တို့ ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်ရာ ယင်းပွဲစဉ်အတွက်ထပ်မံစောင့်ကြည့်ရမည့် အခြေအနေတစ်ခုလည်းဖြစ်သည်။
