၂၀၂၃ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့ ပွဲစဉ်များအပြီးမှာ မြဝတီအမျိုးသမီးအသင်းဟာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ရာသီဝက် ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မြဝတီအမျိုးသမီးအသင်းဟာ (၅) ပွဲကစားထားပြီးချိန်မှာ ၅ ပွဲနိုင်၊ ရဂိုး ၂၂ ဂိုး၊ ပေးဂိုး ၃ ဂိုး၊ ရမှတ် ၁၅ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေကာ ဒုတိယနေရာက လက်ရှိချန်ပီယံ အား/ကာသိပ္ပံအမျိုးသမီးအသင်းကို ၃ မှတ်ဖြတ်ထားပြီး ရာသီ၀က်ချန်ပီယံဖြစ်ခဲ့တာပါ။
မြဝတီအမျိုးသမီးအသင်းမှာဆိုရင် နိုင်ငံ့လက်ရွေးစင်ကစားသမားများစွာပါ၀င်နေပြီး သွင်းဂိုးအများဆုံးနဲ့ ပေးဂိုးအနည်းဆုံး အသင်းအဖြစ် ဇယားထိပ်မှာရပ်တည်နေပါတယ်။