စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ရှိ ကာရာအိုကေ(KTV)ဆိုင်များအား စည်းကမ်းနှင့်အညီဆောင်ရွက်ခြင်းရှိ/မရှိကို မြို့ နယ်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီမှ ယနေ့ အောက်တိုဘာ ၁၄ ရက်နံနက် ၁၀ နာရီက စစ်ဆေးခဲ့ကြသည်။
ကာရာအိုကေ(KTV)ဆိုင်များတွင် Hi ခန်းများရှိ/မရှိ၊ Happy Water၊ ကတ်တမင်း ဆေးဝါးများသုံးစွဲခြင်း၊ ဖြန့်ချီရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ချိန်ကျော်လွန်၍ ဆိုင်ဖွင့်ခြင်း၊ အသံဆူညံ၍ ပတ်ဝန်းကျင်အားအနှောက်အယှက်ပြုခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ အမျိုးသမီးများ
ဖြင့်မြူဆွယ်ခြင်း၊ ရာဇဝတ်မှုကျူးလွန်သူများ ခိုအောင်းခြင်းများမဖြစ်ပေါ်စေရေးအတွက် စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။
