(Unicode)
ရမည်းသင်းမြို့က မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ ဓား ပြတိုက်ခံရ
မန္တလေးတိုင်း၊ရမည်းသင်းမြို့၊မြို့လယ်မှာရှိတဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ ဒီနေ့နေ့လည် ၁ နာရီခွဲလောက်က ဆိုင်ကယ်နဲ့အမျိုးသားနှစ်ယောက်က သေနတ်ပြပြီးဓားပြတိုက်တာကြောင့် သိန်းတစ်ထောင်ကျော်လောက်ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အဲဒီဘဏ်က မြို့လယ်နာရီစင်နားမှာရှိတယ် ကြားရသလောက်တော့ သေနတ်ပြပြီး ဝင်တိုက်သွားတယ်လို့သိထားတယ် နှစ်ယောက်ဆိုင်ကယ်နဲ့လာတာတဲ့”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။
ဘဏ်ဓားပြတိုက်ခံရပြီး အခင်းဖြစ်နေရာကို လုံခြုံရေးအဖွဲ့တွေရောက်လာပြီး ဘဏ်နားတဝိုက်ကိုစစ်ဆေးတာ ဖြတ်သွားဖြတ်လာတွေကိုစစ်ဆေးတာ အနီးနားရပ်ကွက်တွေထံဝင်စစ်ဆေးတာတွေလုပ်ခဲ့ကြပါတယ်။
“သူတိုအဓိကထားစစ်တာက ဆိုင်ကယ်တွေပဲ အဖွဲ့တွေခွဲပြီးစစ်နေကြတာ မြို့ဝင်မြို့ထွက်တွေမှာလည်းစစ်နေတယ် ဓားပြတိုက်တဲ့လူတွေကလည်း ဝန်ထမ်းတွေကိုသေနတ်ပြပြီးတိုက်သွားတာလို့ပြောကြတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။
ဘဏ်ခွဲကိုဓားပြတိုက်ခဲ့သူနှစ်ယောက်ဟာ ဓားပြတိုက်ပြီးနောက်မှာ ဆိုင်ကယ်နဲ့မောင်းနှင်ထွက်ပြေးသွားခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
(Zawgyi)
ရမည္းသင္းၿမိဳ႕က ျမန္မာ့ေရွ႕ေဆာင္ဘဏ္ခြဲ ဓား ျပတိုက္ခံရ
မႏၲေလးတိုင္း၊ရမည္းသင္းၿမိဳ႕၊ၿမိဳ႕လယ္မွာရွိတဲ့ ျမန္မာ့ေရွ႕ေဆာင္ဘဏ္ခြဲ ဒီေန႔ေန႔လည္ ၁ နာရီခြဲေလာက္က ဆိုင္ကယ္နဲ႔အမ်ိဳးသားႏွစ္ေယာက္က ေသနတ္ျပၿပီးဓားျပတိုက္တာေၾကာင့္ သိန္းတစ္ေထာင္ေက်ာ္ေလာက္ပါသြားတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
“အဲဒီဘဏ္က ၿမိဳ႕လယ္နာရီစင္နားမွာရွိတယ္ ၾကားရသေလာက္ေတာ့ ေသနတ္ျပၿပီး ဝင္တိုက္သြားတယ္လို႔သိထားတယ္ ႏွစ္ေယာက္ဆိုင္ကယ္နဲ႔လာတာတဲ့”လို႔ေဒသခံတစ္ေယာက္ကေျပာပါတယ္။
ဘဏ္ဓားျပတိုက္ခံရၿပီး အခင္းျဖစ္ေနရာကို လုံၿခဳံေရးအဖြဲ႕ေတြေရာက္လာၿပီး ဘဏ္နားတဝိုက္ကိုစစ္ေဆးတာ ျဖတ္သြားျဖတ္လာေတြကိုစစ္ေဆးတာ အနီးနားရပ္ကြက္ေတြထံဝင္စစ္ေဆးတာေတြလုပ္ခဲ့ၾကပါတယ္။
“သူတိုအဓိကထားစစ္တာက ဆိုင္ကယ္ေတြပဲ အဖြဲ႕ေတြခြဲၿပီးစစ္ေနၾကတာ ၿမိဳ႕ဝင္ၿမိဳ႕ထြက္ေတြမွာလည္းစစ္ေနတယ္ ဓားျပတိုက္တဲ့လူေတြကလည္း ဝန္ထမ္းေတြကိုေသနတ္ျပၿပီးတိုက္သြားတာလို႔ေျပာၾကတယ္”လို႔ေဒသခံတစ္ေယာက္ကေျပာပါတယ္။
ဘဏ္ခြဲကိုဓားျပတိုက္ခဲ့သူႏွစ္ေယာက္ဟာ ဓားျပတိုက္ၿပီးေနာက္မွာ ဆိုင္ကယ္နဲ႔ေမာင္းႏွင္ထြက္ေျပးသြားခဲ့ၾကတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။