Tuesday, April 29, 2025

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်း...

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် မန္တလေးမြို့၊ အင်းဝဒေသ၊ ပင်းယဒေသ၊ ပလိပ်ဒေသ၊ ကျောက်ဆည်-မက္ခရာဒေသ၊ အမရပူရဒေသနှင့် စစ်ကိုင်း/မင်းကွန်းဒေသများရှိ ရှေးဟောင်း အဆောက်အအုံများကို ပြန်လည်...

ဘိလပ်မြေအိတ်များ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေ

ငလျင်ဒဏ်သင့် ဒေသများရှိ ပြိုကျပျ-က်စီးသွားသည့် အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးတွင် ဘိလပ်မြေလိုအပ်ချက် မြင့်မားလာမှုကြောင့် ဘိလပ်မြေများ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေအများဆုံး...

တာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ...

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ (၂ ၉)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အတွင်းရှိ...

မန္တလေးတွင် ပြိုကျအဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာ ရှာဖွေရောင်းစားသူများရှိလာ

မန္တလေးငလျင်ကြီးကြောင့် ပြိုကျသွားခဲ့ရသည့် အဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာများ ရှာဖွေကာ ပြန်လည်ရောင်းစားသူများ ရှိလာနေသည်။ “ဒီဖျက်လိုက်တဲ့ အဆောက်အဦးမြေပုံတွေကို ပြန်ပစ်တဲ့နေရာရှိတယ်။ အဲဒီမှာလည်းရှာကြတာ၊ တချို့ လက်စွပ်ရတယ်၊ ရကြတာလည်းရှိတယ်၊...
HomeInternationalရန်စမှုများကြောင့်ဟုဆိုကာ တရုတ်မှထိုင်ဝမ်နားတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်

ရန်စမှုများကြောင့်ဟုဆိုကာ တရုတ်မှထိုင်ဝမ်နားတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်

ပေကျင်း၊ဒီဇင်ဘာ ၂၅

ထိုင်ဝမ်နှင့်အမေရိကတို့၏ ရန်စမှုများအားတုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်နားတစ်ဝိုက်တွင် ပင်လယ်ပြင်နှင့်လေကြောင်း စစ်ရေးလေ့ကျင့်မှုများအား ဒီဇင်ဘာလ ၂၅ ရက်နေ့ကပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ်ကပြောကြားခဲ့သည်။

ထိုင်ဝမ်အား တရုတ်သည်၎င်း၏ပိုင်နက်ဟုယူဆထားပြီး တရုတ်ပြည်မ၏အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းရန်ကြိုးပမ်းနေခြင်းဖြစ်သည်။လွန်ခဲ့သည့်သုံးနှစ်ကတည်းက တရုတ်၏ထိုင်ဝမ်နားတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုများအား ထိုင်ဝမ်ကသတိထားနေရသည်။

ဩဂုတ်လကထိုင်ဝမ်သို့လာရောက်ခဲ့သော အ မေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ခရီးစဉ်ကြောင့်လည်း တရုတ်ကအကြီးဆုံးစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီး မကြာသေးမီအချိန်ကအတည်ပြုလိုက်သော အမေရိက၏ နိုင်ငံတော်ကာကွယ်ရေးဥပဒေကိုလည်း ကန့်ကွက်ခဲ့သည်။

တာဝန်ရှိသူများ၏ အကျဉ်းချုံးထုတ်ပြန်ချက်၌ တည်နေရာအတိအကျမဖော်ပြထားဘဲ ထိုင်ဝမ်နားတစ်ဝိုက်တွင် “ပူးပေါင်းကင်းလှည့်ခြင်းနှင့် ပူးတွဲပစ်ခတ်တိုက်ခိုက်လေ့ကျင့်မှု” များအားပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

“ဒါဟာအခုတလော တိုးတိုးလာနေတဲ့ အမေရိကနဲ့ထိုင်ဝမ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ရန်စမှုတွေကို ပြတ်ပြတ်သားသားတုံ့ပြန်မှုတစ်ခုပါပဲ” ဟုလည်း ၎င်းကထပ်လောင်းပြောကြားခဲ့ပြီး “နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအားထိပါးလာမည့် ကိစ္စများကို ထိထိရောက်ရောက်တုံ့ပြန်နိုင်ရန် လိုအပ်တာမှန်သမျှကိုလုပ်ဆောင်မည်” ဟုလည်းဖော်ပြပါရှိသည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်း အဆောက်အအုံများကို အဆင့်အလိုက် စနစ်တကျ ပြန်လည်ပြုပြင်ထိန်းသိမ်းသွားမည်

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် မန္တလေးမြို့၊ အင်းဝဒေသ၊ ပင်းယဒေသ၊ ပလိပ်ဒေသ၊ ကျောက်ဆည်-မက္ခရာဒေသ၊ အမရပူရဒေသနှင့် စစ်ကိုင်း/မင်းကွန်းဒေသများရှိ ရှေးဟောင်း အဆောက်အအုံများကို ပြန်လည် ပြုပြင်ထိန်းသိမ်းနိုင်ရန် အဆင့်အလိုက် စနစ်တကျဆော င်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်တွင် ရစ်ချ်စတာစကေး ၇.၇ ရှိ ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လုပ်ငန်းများကို အဆင့်အလိုက် စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များ ချမှတ်ပြီး...

ဘိလပ်မြေအိတ်များ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေ

ငလျင်ဒဏ်သင့် ဒေသများရှိ ပြိုကျပျ-က်စီးသွားသည့် အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးတွင် ဘိလပ်မြေလိုအပ်ချက် မြင့်မားလာမှုကြောင့် ဘိလပ်မြေများ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေအများဆုံး ထုတ်လုပ်နိုင်သည့် Alpha ဘိလပ်မြေစက်ရုံ၊ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနှင့် ဆင်မင်းဘိလပ်မြေစက်ရုံများမှ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံသည် လာမည့်မေလ (၁၅)ရက်မှစတင်ကာ နေ့စဥ် အိတ်တစ်သိန်း ထုတ်နိုင်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၌ အရေးပါသည့် ဘိလပ်မြေများကို တတ်နိုင်သရွေ့ အမြန်ဆုံးထုတ်လုပ်ကာ စျေးကွက်အတွင်းရောက်ရှိဖို့ တာဝန်ရှိသူများ စုပေါင်းလုပ်ဆောင်နေကြောင်းလည်း သိရသည်။

တာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ နေအိမ်အချို့ရေဝင်ရောက်မှုဖြစ်ပွား

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ (၂ ၉)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်းရပ်ကွက်တွင် ရေစတင်ဝင်ရောက်လျက်ရှိပြီး ရပ်ကွက်နေပြည်သူများ သတိပြုနေထိုင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။ " မိုးများရင်တောင်ကျရေဆင်းပြီး ချောင်းရေမြင့်တက်တာက နှစ်တိုင်းပါပဲ။ အခုတော့ စောင့်ကြည့်နေပါတယ်။ ပြီးခဲ့နှစ်ကတော့ မိုးများပြီး ချောင်းရေတက်တာတွေ မြေပြိုတာတွေကြောင့် လူ‌ေ-သဆုံးမှုတွေလည်း ရှိခဲ့တယ်။ အခုတော့ရပ်ကွက်မှာ သတိပေးထားတာတွေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071