ရန်ကုန် (၁၉) မြို့နယ် ယနေ့ မီးပြတ်မည်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေလင်ဗန်း၊ ရွှေပြည်သာ၊ မှော်ဘီ၊ တိုက်ကြီး၊ မြောင်းတကာ၊အဖျောက်၊ ထန်းတပင်၊ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်းနှင့် ဗဟန်းမြို့နယ်
များအတွင်း ယာယီ ဓာတ်အား ပြတ်တောက်မှုများ ရှိမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ 230kV လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏230kV Bus ထိန်းသိမ်းပြုပြင်ခြင်းကို (၂၁.၁၁.၂၀၂၁)ရက်နေ့ (၀၈:၀၀)နာရီမှ
(၁၆:၀၀)နာရီအထိလည်းကောင်း၊ 230kV မြောင်းတကာပင်မဓာတ်အားခွဲရုံ၏ 230kV Bus ထိန်းသိမ်းပြုပြင်ခြင်းကို (၂၁.၁၁.၂၀၂၁)ရက်နေ့ (၀၈:၀၀)နာရီမှ
(၁၂:၀၀)နာရီအထိလည်းကောင်း ဆောင်ရွက်သွားမည်၍ မီးပျက်တောက်မှုများရှိမည်ဟုဆိုသည်။
မီးပျက်ရာတွင် အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကပြောသည်။
Zaw Gyi