ရန်ကုန်-မော််လမြိုင်လမ်းပေါ်ရှိ ဘီးလင်း၊ ရွှေရောင်ပြကျုံအိပ် တံတား မိုင်းခွဲခံရပြီး ယနေ့မနက်ပိုင်းတွင် တံတားကျိုးသွားခြင်းကြောင့် ဘီးလင်းမြို့နယ်ထဲတွင် ဖြတ်သန်းသွားလာမည့် ကားရာချီ ပိတ်ဆို့နေကြောင်း သိရသည်။
ယနေ့ နံနက်အစောပိုင်းတွင် မိုင်းခွဲခံရကာ ကျိုးသွားခြင်းဖြစ်ကာ ရန်ကုန်-မော်လမြိုင်ကားလမ်း ဆက်သွယိရေးပြတ်တောက်နေကြောင်း ပိတ်မိနေသော ကားဆရာများမှလည်း လူမှုကွန်ယက်တွင် ပြောသည်။
ဘီးလင်း တံတားကျိုးသွားခြင်းကြောင့် ရန်ကုန်-မော်လမြိုင်- ဘားအံ သွားဖို့ရန် လတ်တလောတွင် မဖြစ်နိုင်ကြောင်း ဒေသခံများထံမှလည်း သိရသည်။
“တံတားမိုင်းမကွဲခင်တော့ သေနတ်ပစ်သံတွေကြားရတယ်။ ပြီးမှ မိုင်းကွဲတာ။တံတားက အရင်တစ်ခါမိုင်းကွဲတုန်းက ခင်းထားတဲ့ ဘေလီတံတားရော၊ အ ဟောင်းရော ကျိုးကျသွားတာ။ အခုတော့ ဘီလင်းမှာ ကားတွေပိတ်မိနေတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။
တံတားခွဲခံရချိန်တွင် အနီးနား၌ ခရီးသွားကားနှင့် ခရီးသွားများ မရှိသောကြောင့် ထိခိုက်ခြင်းမျိုး မရှိကြောင်းလည်း လတ်တလော သိရသည်။
အဆိုပါတံတားကို ပြီးခဲ့သည့်နှစ်၊ ဇွန်လကလည်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့များက မိုင်းခွဲခဲ့ဖူးသေးသည်။
ရန်ကုန်-မော်လမြိုင်လမ်းပေါ်က ဆက်သွယ်ရေး အချက်ချာကြသော ထိုတံတားကျိုးသွားခြင်းကြောင့် ကုန်စီဆင်းမှာ အခက်အခဲဖြစ်နိုင်ကြောင်း ကားဆရာများမှ တဆင့် သိရသည်။




