ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၈၁ /၂) တွင် ယနေ့ ဒီဇင်ဘာ (၁၉) ရက် ညနေ (၆)နာရီ (၂၀) မိနစ် တွင် ခရီးသယ်ယာဉ်(၁)စီး မီးလေ-ာင်မှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ မီးလေ-ာင်မှုကြောင့် လူထိခို-က်ဒ-ဏ်ရာရမှုမရှိခဲ့ကြောင်းနှင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး (၆)နာရီ (၅၂) မိနစ် ၌ မီးငြိမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံက သိရသည်။
မီးလေ-ာင်မှုနှင့် သဘာဝဘေးအန္တရာယ်များ၊ အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များကြုံတွေ့ပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးပို့အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
