ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ညနေပိုင်းက DYNA ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၉၆/၆)မိုင်တွင် DYNA ယာဉ်(၁)စီးသည် ယနေ့ (ဖေဖော်ဝါရီလ ၁၅ ရက်) ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
” ကားကအရှိန်မထိန်းနိုင်ပဲမှောက်သွားတာ ကားပေါ်ပါလာတဲ့သူတွေအကုန်လုံး ထိခိုက်ဒဏ်ရာရကြတယ်၊ လူနာ သေဆုံးများပါတယ်” ဟု ကယ်ဆယ်ရေးတွင် ပါ၀င်ခဲ့သူတစ်ဦးက ပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၅)ဦး၊ မ(၉)ဦး စုစုပေါင်း (၁၄)ဦး အနက် ကျား(၃)ဦးနှင့် မ(၆)ဦး (မစိုးရိမ်ရ)၊ မ(၁)ဦး (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ကျား(၁)ဦး၊ မ(၂)ဦး (သေဆုံး) သွားခဲ့သည်။
ထိခိုက်ဒဏ်ရာရ လူနာများနှင့် သေဆုံးရုပ်အလောင်းများအား အမြန်လမ်းမကြီးပိုင်သူနာတင်ယာဉ်နှင့် ပြည်သာယာလူငယ်ပရဟိတအသင်းမှ သူနာတင်ယာဉ်တို့ဖြင့် မိတ္ထီလာဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း





