(Unicode)
ရန်ကုန်-မန္တလေးအမြန်လမ်းက ကံကောင်းရဲကင်းစခန်း တိုက်ခိုက်ခံရ
မန္တလေးတိုင်း၊မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲ့ မိုင်တိုင်အမှတ်(၂၉၃/၂)မှာရှိတဲ့ ကံကောင်းရဲကင်းစခန်းကို ဒီနေ့မနက် ၃ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး တပ်တွေက လက်လုပ်မိုင်းတွေ၊လက်ပစ်ဗုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရဲကင်းစခန်းကို လာရောက်ပစ်ခတ်တိုက်ခိုက်ချိန်မှာ ရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင်တွေကပြန်လည်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ကံကောင်းရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် သုံးယောက်သေဆုံးပြီး ငါးယောက်ကျည်ထိမှန်ဒဏ်ရာတွေရခဲ့တယ်လို ရဲကင်းစခန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
“အိပ်ပျော်နေတဲ့အချိန်ပေါက်ကွဲသံတွေကြားပေမယ့် ထွက်မကြည့်ရဲဘူး အခင်းဖြစ်ပြီး လူနာတင်ကားသံတွေကြားရတယ် မနက်မိုးလင်းလို့မေးကြည့်တော့ ရဲကင်းအပစ်ခံရပြီး သေတဲ့သူတွေရှိပြီး ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့လိုက်တယ်လို ကြားရတယ်”လို ရဲကင်းစခန်းနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။
ယခု ဖြစ်စဥ်နဲ့ပတ်သတ်ပြီး ရဲတပ်ဖွဲ့ဝင် အချို့ ဒဏ်ရာ ရရှိပြီး သေဆုံးမှု လည်း ရှိခဲ့တယ်လို့ နစက ဘက်မှ ထုတ်ပြန် ထားပါတယ် ။
(Zawgyi)
ရန္ကုန္-မႏၲေလးအျမန္လမ္းက ကံေကာင္းရဲကင္းစခန္း တိုက္ခိုက္ခံရ
မႏၲေလးတိုင္း၊မိတၳီလာၿမိဳ႕နယ္ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးရဲ႕ မိုင္တိုင္အမွတ္(၂၉၃/၂)မွာရွိတဲ့ ကံေကာင္းရဲကင္းစခန္းကို ဒီေန႔မနက္ ၃ နာရီခြဲေလာက္မွာ ေဒသကာကြယ္ေရး တပ္ေတြက လက္လုပ္မိုင္းေတြ၊လက္ပစ္ဗုံးေတြနဲ႔ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။
ရဲကင္းစခန္းကို လာေရာက္ပစ္ခတ္တိုက္ခိုက္ခ်ိန္မွာ ရဲကင္းစခန္းက ရဲတပ္ဖြဲ႕ဝင္ေတြကျပန္လည္ပစ္ခတ္ခဲ့တာေၾကာင့္ ႏွစ္ဖက္အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
ျဖစ္စဥ္မွာ ကံေကာင္းရဲကင္းစခန္းက ရဲတပ္ဖြဲ႕ဝင္ သုံးေယာက္ေသဆုံးၿပီး ငါးေယာက္က်ည္ထိမွန္ဒဏ္ရာေတြရခဲ့တယ္လို ရဲကင္းစခန္းနဲ႔နီးစပ္သူေတြဆီက သိရပါတယ္။
“အိပ္ေပ်ာ္ေနတဲ့အခ်ိန္ေပါက္ကြဲသံေတြၾကားေပမယ့္ ထြက္မၾကည့္ရဲဘူး အခင္းျဖစ္ၿပီး လူနာတင္ကားသံေတြၾကားရတယ္ မနက္မိုးလင္းလို႔ေမးၾကည့္ေတာ့ ရဲကင္းအပစ္ခံရၿပီး ေသတဲ့သူေတြရွိၿပီး ဒဏ္ရာရတဲ့သူေတြကို ေဆး႐ုံပို႔လိုက္တယ္လို ၾကားရတယ္”လို ရဲကင္းစခန္းနဲ႔နီးစပ္သူတစ္ေယာက္ကေျပာပါတယ္။
ယခု ျဖစ္စဥ္နဲ႔ပတ္သတ္ၿပီး ရဲတပ္ဖြဲ႕ဝင္ အခ်ိဳ႕ ဒဏ္ရာ ရရွိၿပီး ေသဆုံးမႈ လည္း ရွိခဲ့တယ္လို႔ နစက ဘက္မွ ထုတ္ျပန္ ထားပါတယ္ ။