ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၁၃၅/၄-၅) ဖာလုံတွင် ယမန်နေ့ည (ဇန်နဝါရီ ၁၉ ရက်) ညပိုင်းက လမ်းဖြတ်ကူးနေသည့်အမျိုးသားတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးသွားကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဆီဆုံကုန်းကျေးရွာ၊ဆီဆုံကုန်းရွာအုတ်စု အုတ်တွင်းမြို့နယ်နေသူ အမျိုးသားတစ်ဦးသည် ည ၆ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မိုင်တိုင် အမှတ် (၁၃၅/၄-၅) ဖာလုံ၌ လမ်းအနောက်ဘက်ခြမ်းမှ လမ်းအရှေ့ဘက်ခြမ်းသို့ ယာဉ်ကြောမရှင်းပဲလမ်းဖြတ်ကူးစဥ် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော SUZUKI ERTIGA အမျိုးအစား (အနက်ရောင်) ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဥ်တိုက်မှုကြောင့် ယာဥ်ပေါ်ပါ ကျား(၂)ဦးမှာထိခိုက်မှုမရှိပဲ လမ်းဖြတ်ကူးသူ ကျား(၁)ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့သည််။
ထို့ကြောင့် သေဆုံးအမျိုးသားအား ကမ်းမဲ့လက်များလူမှုကူညီရေးအသင်းယာဉ်ဖြင့် အုတ်တွင်းပြည့်သူဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
