ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မတော်တဆဖြစ်၊(၃) ဦး သေဆုံး
ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး ၉၈ မိုင် ၁ ဖာလုံပေါ်တွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော အိမ်စီးကားတစ်စင်းတိမ်းမှောက်သွားပြီး နေရာတွင်ပင် ကလေးတစ်ဦးအပါအဝင် လူ ၃ ဦး သေဆုံးသွားသည်။
ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက် ၈ နာရီခန့် က ဖြစ်စဉ်ဖြစ်ခဲ့ခြင်းဖြစ်ကာ ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်သောကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။