မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၂၉၁/၆-၇ကြားတွင် ယနေ့ မေလ (၄)ရက်၊ နံနက် (၅)နာရီ (၁၅)မိနစ်အချိန်ခန့်က Fuso အမျိုးအစား ကွန်တိန်နာ (၂၂)ဘီး ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ရကြောင်း မီးသတ်တပ်ဖွ့ဲသတင်းများအရ သိရသည်။
အဆိုပါ ကွန်တိန်နာ (၂၂)ဘီး ယာဉ်မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပြည်သာယာနယ်မြေမီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ နံနက် (၅)နာရီ၊ မိနစ် (၃၀)အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတဝန်း ၂၀၂၄ ခုနှစ်၊ မေ(၂)ရက်အထိ ယာဉ်မျိုးစုံ မီးလောင်မှု အကြိမ်ရေ (၄၀)နီးပါး ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း မီးသတ်တပ်ဖွဲနှင့် ဒေသတွင်း သတင်းများအရ သိရသည်။
