ရန်ကုန် ဘူတာကြီး ရထားဝန်ထမ်းကိုလုပ်ကြံခဲ့သူများကို ဖမ်းဆီးရမိ
Unicode
အောက်တိုဘာလ ၁၃ရက်နေ့ မနက် ၉နာရီက ရန်ကုန်ဘူတာကြီးရဲ့ သတင်းနဲ့ပြန်ကြားရေး တွဲဖက် ဦးထိန်ဝင်း(ခ)ရန်ကင်းမောင် ကို သေဆုံးအောင် လုပ်ကြံခဲ့သူ ၁၅ ယောက်အား လက်နက်၊ ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာ ၁ ရက်ကဖမ်းဆီးရမိခဲ့ပြီး ခြောက်ယောက်ကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။
၎င်းတို့ကိုဖမ်းဆီးရမိဖို့ အတွက် လုံခြုံရေးအဖွဲတွေ စုံစမ်းစစ်ဆေးရာကနေ အခင်းဖြစ်စဉ်ကသုံးခဲ့တဲ့ NPW 1Q/5868 ဟိုက်ဂျက်ကားကို မောင်းလာသူ ထက်အောင်ကျော်(ခ) 92 နဲ့ ဇော်ရိန်ထွန်း(ခ)တစ်သျူး တို့ကို နိုဝင်ဘာ ၁ ရက်မနက် ၁၁ နာရီက ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းမိတဲ့ နှစ်ယောက်ကိုစစ်ဆေးရာ ပြစ်မှုကျူးလွန်ရာမှာပါဝင်ခဲ့တဲ့ ၁၃ ယောက်ကိုလည်း လက်နက်၊ခဲယမ်းတွေနဲ့အတူ ထပ်ပြီး ဖမ်းဆီး ရမိခဲ့ပါတယ်။ ရထားဝန်ထမ်းကို လုပ်ကြံသတ်ဖြတ်ဖို ခိုင်းစေသူတွေ၊ လက်နက်ထောက်ပံ့ ပေးခဲ့သူတွေနဲ့ အခင်းဖြစ်စဉ်ကို စီစဉ် ညွှန်ကြားပေးခဲ့သူတွေအပါအဝင် ခြောက်ယောက်ကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်လို့ နစကက သတင်း ထုတ်ပြန်ထားပါတယ်။
Zaw Gyi
ရန္ကုန္ ဘူတာႀကီး ရထားဝန္ထမ္းကို လုပ္ႀကံခဲ့သူမ်ားကို ဖမ္းဆီးရမိ
ေအာက္တိုဘာလ ၁၃ရက္ေန႔ မနက္ ၉နာရီက ရန္ကုန္ဘူတာႀကီးရဲ႕ သတင္းနဲ႔ျပန္ၾကားေရး တြဲဖက္ ဦးထိန္ဝင္း(ခ)ရန္ကင္းေမာင္ ကို ေသဆုံးေအာင္ လုပ္ႀကံခဲ့သူ ၁၅ ေယာက္အား လက္နက္၊ ခဲယမ္းေတြနဲ႔အတူ ႏိုဝင္ဘာ ၁ ရက္ကဖမ္းဆီးရမိခဲ့ၿပီး ေျခာက္ေယာက္ကေတာ့ လြတ္ေျမာက္ေနဆဲျဖစ္တယ္လို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။
၎တို႔ကိုဖမ္းဆီးရမိဖို႔အတြက္ လုံၿခဳံေရးအဖြဲေတြ စုံစမ္းစစ္ေဆးရာကေန အခင္းျဖစ္စဥ္ကသုံးခဲ့တဲ့ NPW 1Q/5868 ဟိုက္ဂ်က္ကားကိုေမာင္းလာသူ ထက္ေအာင္ေက်ာ္(ခ) 92 နဲ႔ ေဇာ္ရိန္ထြန္း(ခ)တစ္သ်ဴး တို႔ကို ႏိုဝင္ဘာ ၁ ရက္မနက္ ၁၁ နာရီကဖမ္းဆီးရမိခဲ့ပါတယ္။ဖမ္းမိတဲ့ ႏွစ္ေယာက္ကိုစစ္ေဆးရာ ျပစ္မႈက်ဴးလြန္ရာမွာပါဝင္ခဲ့တဲ့ ၁၃ ေယာက္ကိုလည္း လက္နက္၊ခဲယမ္းေတြနဲ႔အတူ ထပ္ၿပီးဖမ္းဆီးရမိခဲ့ပါတယ္။ ရထားဝန္ထမ္းကို လုပ္ႀကံသတ္ျဖတ္ဖို ခိုင္းေစသူေတြ၊လက္နက္ေထာက္ပံ့ေပးခဲ့သူေတြနဲ႔အခင္းျဖစ္စဥ္ကိုစီစဥ္ၫႊန္ၾကားေပးခဲ့သူေတြအပါအဝင္ ေျခာက္ေယာက္ကေတာ့ လြတ္ေျမာက္ေနဆဲျဖစ္ပါတယ္လို႔ နစကက သတင္းထုတ္ျပန္ထားပါတယ္။