Monday, August 17, 2026

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်...

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar...

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး အဝါရောင်အဆင့် သတ်မှတ်ထား၊

ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့၌ လှိုင်းကြီးပြီး မိုးသက်လေပြင်းကျမည် နေပြည်တော်၊ သြဂုတ်-၁၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည်...

KBZ နှင့် ရွှေမင်းသားဖောင်ဒေးရှင်း ပူးပေါင်း၍...

ကမ္ဘောဇဘဏ် (KBZ) နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ မသန်စွမ်းကျောင်းသား/ကျောင်းသူ ၄၇ ဦးအတွက် ၅ နှစ်တာ ပညာသင်ဆုစီမံကိန်းကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းက...

AFC Women’s Champions League...

AFC Women’s Champions League 2026/27 ပြိုင်ပွဲ၏ ခြေစစ်ပွဲအဆင့် (Preliminary Stage) ပွဲစဉ်များကို ယနေ့ ဩဂုတ် ၁၇...
HomeMoviesရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများတွင် DEMU...

ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများတွင် DEMU အထူးအမြန်ရထား မကြာမီပြေးဆွဲမည်

ပဲခူးတိုင်းဒေသကြီးကို ဖြတ်သန်းပြေးဆွဲမည့် ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများတွင် DEMU အထူးအမြန်ရထားများကို မကြာမီ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

အဆိုပါ DEMU အထူးအမြန်ရထားများ ပြေးဆွဲနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် DEMU အထူးအမြန်ရထားများ မပြေးဆွဲမီ ရထားလမ်းတစ်လျှောက် လွတ်ကင်းမှုမရှိသည့် သစ်ပင်များနှင့် အဆောက်အအုံများကို အချိန်မီဖယ်ရှားရှင်းလင်းရေး၊ တရားမဝင် မီးရထားလမ်းကူးများ ပိတ်သိမ်းရေးနှင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် မဖြစ်မနေအသုံးပြုရမည့် မီးရထားလမ်းကူးနေရာများတွင် ရပ်ကွက်နှင့် ကျေးရွာအစီအစဉ်ဖြင့် ဂိတ်စောင့်များနှင့် ဂိတ်တံခါးများကို စနစ်တကျ ထားရှိရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မီးရထားလမ်းဖြတ်သန်းရာ ရပ်ကွက်နှင့် ကျေးရွာများအလိုက် မြန်မာ့မီးရထားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်လိုက်နာစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် မြန်မာ့မီးရထား တိုင်း(၆) အထွေထွေမန်နေဂျာက ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် DEMU အထူးအမြန်ရထား ပြေးဆွဲမည့်အစီအစဉ်များ၊ တရားမဝင် မီးရထားလမ်းကူးများ တည်ရှိနေမှု၊ မီးရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဘူတာစဉ်အလိုက် ရထားရပ်နားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း DEMU အထူးအမြန်ရထား ဖြတ်သန်းမည့် မြို့များနှင့် ကျေးရွာများတွင် အစုန်၊ အဆန် ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် လက်ဝှေ့အား ကစားသမားများ စခန်းသွင်းလေ့ကျင့်

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar Boxing Federation လက်ဝှေ့အဖွဲ့ချုပ်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။ ပြိုင်ပွဲအတွက် အားကစားသမားများ၏ ကိုယ်ကာယကြံ့ခိုင်မှု၊ ထိုးသတ်မှုနည်း ဗျူဟာများနှင့် လက်ဝှေ့နည်းစနစ်ပိုင်းဆိုင်ရာများကို အဓိကထား၍ အပြင်းအထန် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ လေ့ကျင့်ရေးစခန်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ပြိုင်ပွဲတွင် အကောင်းဆုံးရလဒ်များ ရရှိနိုင်ရေးအတွက် စုစည်းလေ့ကျင့်နေကြပြီး လေ့ကျင့်မှုအခြေအနေများကို ဓာတ်ပုံမှတ် တမ်းများဖြင့် ဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး အဝါရောင်အဆင့် သတ်မှတ်ထား၊

ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့၌ လှိုင်းကြီးပြီး မိုးသက်လေပြင်းကျမည် နေပြည်တော်၊ သြဂုတ်-၁၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဩဂုတ် ၁၇ ရက်) မွန်းလွဲ ၁၂ နာရီတွင် သတင်းထုတ်ပြန်သည်။ သို့သော် မုန်တိုင်းငယ်၏ လက်ရှိ ရွေ့လျားမှု လမ်းကြောင်းမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်မည့် အခြေအနေ မရှိသည့်အတွက် သတိပေးချက်ကို အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားသည်။ အဆိုပါ...

KBZ နှင့် ရွှေမင်းသားဖောင်ဒေးရှင်း ပူးပေါင်း၍ မသန်စွမ်းကျောင်းသား/သူ ၄၇ ဦးကို ၅ နှစ်တာ ပညာသင်ဆုပေးမည်

ကမ္ဘောဇဘဏ် (KBZ) နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ မသန်စွမ်းကျောင်းသား/ကျောင်းသူ ၄၇ ဦးအတွက် ၅ နှစ်တာ ပညာသင်ဆုစီမံကိန်းကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။ အဆိုပါ စီမံကိန်းအတွက် ငါးနှစ်တာ သဘောတူစာချွန်လွှာ (MoU) ကို ဩဂုတ် ၁၃ ရက်တွင် နှစ်ဖက်တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ စီမံကိန်း၏ ရည်ရွယ်ချက်မှာ ကိုယ်အင်္ဂါ၊ အမြင်၊ အကြားနှင့် ဉာဏ်ရည်မသန်စွမ်းမှု အပါအဝင် မသန်စွမ်းမှုအမျိုးအစား အမျိုးမျိုးရှိသော ကျောင်းသား/ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဖြစ်ကြောင်း ဖောင်ဒေးရှင်းက ဆိုသည်။ ရွေးချယ်ခံရသူများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071