ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL)တွင် ကိုရီးယား EPS-TOPIK အတန်းကို ယခုလ ဧပြီ (၂၉) ရက်ကစတင်၍ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီမှ သိရသည်။
ဝင်ခွင့်လျှောက်လွှာပုံစံများကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင်ထုတ်ယူပြီး သတ်မှတ် ရက်အတွင်းလျှောက်ထားနိုင်မည်ဖြစ်ကာ လျှောက်ထားသူသည်အနိမ့်ဆုံးပညာ အရည်အချင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာကို တက္ကသိုလ်ဝင် စာမေးပွဲ အောင်လက်မှတ် မူရင်းနှင့် မိတ္တူ (သို့) ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ မှတ်ပုံတင်မူရင်းနှင့် မိတ္တူ၊ ပတ်စပို့ဆိုဒ်ဓာတ်ပုံ (၃) ပုံတို့ကို ပူးတွဲတင် ပြရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို မေလ (၉) ရက်အထိ လက်ခံမည်ဖြစ်ပြီး မေ (၁၁) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းကာလခြောက်လ ကြာမြင့်မည် ဖြစ်ရာ အပတ်စဉ်စနေ၊ တနင်္ဂနွေ နံနက် (၉)နာရီမှ မွန်းတည့် (၁၂)နာရီ အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းသာ တက်ရောက်နိုင်မည်ဖြစ်ပြီး အသေးစိတ်စုံစမ်းလိုပါကဖုန်း ၀၉-၄၂၈၂၂၇၄၈၄၊ ၀၉-၇၉၁၂ ၆၉၇၉၈၊ ၀၉-၄၅၀၀၂၇ ၂၆၃၊ ၀၉-၄၄၂၂၅၃၈၁၂ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။