Monday, December 9, 2024

မြန်မာ-တရုတ်၊ မြန်မာ-ယူနန်တို့ကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်မည့် ဖိုရမ်တက်ရောက်ရန်...

မြန်မာ-တရုတ်၊ မြန်မာ-ယူနန်တို့ကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်မည့် ဖိုရမ်တက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးလွင်ဦးသည် ယနေ့ ဒီဇင်ဘာ ၉ ရက်မွန်းလွဲပိုင်းက ကူမင်းမြို့သို့ ရန်ကုန်လေဆိပ်မှတစ်ဆင့်ထွက်ခွာသွားခဲ့သည်။ အဆိုပါ...

အမျိုးသား အားကစားပွဲတော် ပြိုင်ပွဲအတွင်း ကျန်းမာရေးဝန်ထမ်း...

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အတွင်း ကျန်းမာရေးဝန်ထမ်း (၂၅၀) ကျော်ဖြင့် အားကစားပြိုင်ပွဲများ အပါအဝင် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား၊ ဖျော်ဖြေရေးအဖွဲ့များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်ဟု သိရသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးအဖွဲ့ (၃၈) ဖွဲ့ခွဲကာ...

အမေရိကတွင်တရားမဝင်နေသူအာလုံးကို ပြည်နှင်ရန် ထရမ့်ပ် ရည်ရွယ်

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ၏ ရာထူးသက်တမ်း လေးနှစ်တာအတွင်း အမေရိကသို့ တရားမဝင်ရောက်ရှိနေထိုင်နေသူအားလုံးကို ပြည်နှင်ဒဏ်ပေးရန် ရည်ရွယ်ထားကြောင်း သို့ရာတွင် “Dreamer” ဟု...

တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/သူ...

၂၀၂၅ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန်ကျောင်းသား၊ကျောင်းသူ (၂၂၀,၀၀၀) ဝန်းကျင် စာရင်းပေးသွင်းထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၅ ခုနှစ်မတ်လ (၁၇)ရက်မှစတင်ကာ မတ်လ...
HomeNewsLocal Newsရန်ကုန် - ဒလ...

ရန်ကုန် – ဒလ တံတားတည်ဆောက်မှုစီမံကိန်းအား ယခုနှစ်ကုန်တွင် ၅၀ရာခိုင်နှုန်းပြီးစီးရန် လျာထား

ရန်ကုန် – ဒလ တံတားတည်ဆောက်မှုစီမံကိန်းအား ယခုနှစ်ကုန်တွင် ၅၀ရာခိုင်နှုန်းပြီးစီးရန် လျာထား

ရန်ကုန်-ဒလ တံတားတည်ဆောက်မှုစီမံကိန်းကို ယခုနှစ်ကုန်တွင် ၅၀ရာခိုင်နှုန်း ပြီးစီးရန် လျာထားကာ ၂၀၂၄ ခုနှစ် ပထမပတ်တွင်အပြီးတည်ဆောက်ရန်လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနသတင်းများအရ သိရသည်။

ရန်ကုန် – ဒလ တံတား ပြီးစီးသွားပါက ရန်ကုန်မြို့တွင်းမှ ယာဉ်ကြောပိတ်ဆို့မှုများ အတိုင်းအတာတစ်ခုထိ လျှော့နည်းသွားနိုင်မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားသည် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် စတင်အကောင်ထည်ဖော်ခဲ့သည့် ရန်ကုန်မြစ်ကူး တံတား စီမံကိန်း ဖြစ်သည်။

အဆိုပါ တံတား ပြီးစီးသွားပါက ရန်ကုန်မြို့မှတဆင့် ဒ လ၊ တွံတေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်များသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့ ၏ ယာဥ်ကြောပိတ်ဆို့မှုများကို အတိုင်းအတာ တစ်ခုအ ထိ ဖြေရှင်းပေးနိုင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြခြင်း ဖြစ်သည်။

ရန်ကုန် – ဒလမြစ်ကူး တံတားတည်​​ဆောက်​ရေး စီမံကိန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ပင်မတံတား ဘိုးပိုင် (၄၆) လုံးအ နက် (၂၇) လုံးကို ကွန်ကရစ်​ လောင်း​ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဧပြီလ (၉) ရက်မှ စတင်ပြီး​ကာ ရန်ကုန်ဘက်ချဥ်းကပ်တံတား ယက်မတပ်ဆင်ခြင်း လုပ်ငန်းများကို လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၉) ရက်က နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် အဆိုပါ တံတားတည် ဆောက်နေသည့် စီမံကိန်း ဧရိယာအတွင်း လာရောက်ကြည့်ရှု စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ သေးသည်။

ယင်းသို့ လာရောက် ကြည့်ရှုစဉ်က တံတားတည်ဆောက်ရေးလုပ်ငန်း တာဝန်ရှိသူများအား တံတား ရေရှည်တည် တံ့ခိုင်မြဲရေးနှင့် သဘာဝဘေးအန္တရာယ် ဒဏ်ခံနိုင်မှုအားတို့ကိုပါ ထည့်သွင်းစဉ်းစား၍ တွက်ချက်ဆောင် ရွက်ကြရန် မှာကြားခဲ့သည်။

ရန်ကုန်-ဒလ တံတားသည် အရှည် ၁၈၆၈ မီတာ အကျယ် ၂၆.၅ မီတာရှိပြီး (၄)လမ်းသွားတံတား ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ် ကိုယ်ထည်နှင့် သံမဏိကြိုးဆိုင်းတံတားဖြစ်ကာ ခံနိုင်ဝန်မှာ (၇၅) တန် ဖြစ်‌ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ်၊ မြန်မာ-ယူနန်တို့ကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်မည့် ဖိုရမ်တက်ရောက်ရန် နိုင်ငံခြားရေး ဒု-ဝန်ကြီးထွက်ခွာ

မြန်မာ-တရုတ်၊ မြန်မာ-ယူနန်တို့ကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်မည့် ဖိုရမ်တက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးလွင်ဦးသည် ယနေ့ ဒီဇင်ဘာ ၉ ရက်မွန်းလွဲပိုင်းက ကူမင်းမြို့သို့ ရန်ကုန်လေဆိပ်မှတစ်ဆင့်ထွက်ခွာသွားခဲ့သည်။ အဆိုပါ သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်)ပူးပေါင်းဆောင်ရွက်မှုဖိုရမ်အား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ကျင်းပသွားမည်ဖြစ်သည်။ ဖိုရမ်အား မြန်မာ-တရုတ် နှစ်နိုင်ငံကြားနှင့် မြန်မာ-ယူနန် နှစ်ဖက်ကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများကြား အပြန်အလှန်ဖလှယ်မှုမြှင့်တင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ယင်း ဖိုရမ်ကို ၂၀၁၃ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံဘက်နှင့် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရတို့ကြား အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြပြီး ယခုနှစ် ဖိုရမ်သို့...

အမျိုးသား အားကစားပွဲတော် ပြိုင်ပွဲအတွင်း ကျန်းမာရေးဝန်ထမ်း (၂၅၀)ကျော် ကျန်းမာရေး စောင့်ရှောက်မှုပေးနေ

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အတွင်း ကျန်းမာရေးဝန်ထမ်း (၂၅၀) ကျော်ဖြင့် အားကစားပြိုင်ပွဲများ အပါအဝင် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား၊ ဖျော်ဖြေရေးအဖွဲ့များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်ဟု သိရသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးအဖွဲ့ (၃၈) ဖွဲ့ခွဲကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေး ဆေးကုသရေးလုပ်ငန်းအဖွဲ့၊ ရေကောင်းရေသန့် သုံးစွဲရေးနှင့် အစားအစာကြီးကြပ်မှုလုပ်ငန်းအဖွဲ့၊ ကူးစက်ရောဂါနှိမ်နင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကာ အလေးထားဆောင်ရွက်လျက်ရှိနေခြင်း ဖြစ်သ ည်။ ထို့ပြင် ရွာတော်တည်းခိုရေးစခန်းတွင်လည်း (၂၄)နာရီဆေး ခန်းဖွင့်လှစ်ထားရှိကာ ဆေးပညာ၊ အရိုးနှင့် အကြောအဆစ်အထူးကုဆေးခန်းအချိန်ပိုင်းဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာ အထူးကု ဆရာဝန်များဦးဆောင်၍ လာရောက်ပြသသည့်လူနာများကို ကြည့်ရှုကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တိုင်းရင်းဆေးခန်းလည်း ဖွင့်လှစ်၍...

အမေရိကတွင်တရားမဝင်နေသူအာလုံးကို ပြည်နှင်ရန် ထရမ့်ပ် ရည်ရွယ်

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ၏ ရာထူးသက်တမ်း လေးနှစ်တာအတွင်း အမေရိကသို့ တရားမဝင်ရောက်ရှိနေထိုင်နေသူအားလုံးကို ပြည်နှင်ဒဏ်ပေးရန် ရည်ရွယ်ထားကြောင်း သို့ရာတွင် “Dreamer” ဟု ခေါ်တွင်သည့် ရွှေ့ပြောင်းနေထိုင်သူများကိုမူ အကာအကွယ်ပေးရေး သဘောတူညီချက်တစ်ခုလိုလားကြောင်း တနင်္ဂနွေနေ့တွင် NBC News သတင်းဌာနက ထုတ်လွှင့်ခဲ့သော “Meet the Press with Kristen Welker” အင်တာဗျူးအစီအစဉ်တွင် သူက ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မိဘများ၏ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အဆင့်သတ်မှတ်ချက် မည်သို့ပင်ရှိစေကာမူ အမေရိကတွင် မွေးဖွားသူတိုင်းကို နိုင်ငံသားဖြစ်ခွင့်ပေးသည့် မွေးရာပါနိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သက်၍လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071